ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Thursday, August 28, 2014

ခေါင်းစဉ်ဟာ ပထမဦးဆုံးအကြောင်း

လူနံ့ကိုမခံနိုင်ကြသော ဂြိုဟ်သားများသည် သူတို့၏ခေါင်းများအား ဖန်ပေါင်းချောင်ကြီးများစွပ်၍ ဆင်းသက်လာကြသည်။ မျက်လုံးအဝိုင်းသားဖြင့် တင်သားဝိုင်းဝိုင်းလေးများအား ထပ်ပြန်တလဲလဲ ကြည့်နေမိတတ်သည်။ 

တာရာမင်းဝေဆိုသည်မှာ သစ်စေ့မှ အညှောင့်ပေါက်၊ ဒိုင်မင်းရှင်းနယ်ပယ်မှ လွန်မြောက်သွားသော …..။  ၃၃ မီတာရှည်သော ကင်အီဆွန်းပုံတူရုပ်ထုကြီးသည် လေဒဏ်မိုးဒဏ်စသဖြင့် ….။ ရွှေတိဂုံဟု အမည်ပေးခံရသော တိုင်းရင်းသားကလေးငယ်သည် တစ်နှစ်သားအရွယ်တွင် တိမ်းပါးသွားပါသည်။

ခြေသည်း၊ လက်သည်းညှပ်ပါ။ ဆံပင်အနည်းငယ်ဖြတ်ပါ။ ဝတ်နေကျ အဝတ်အစားအနွမ်းတစ်စုံကို ရှာထားပါ။ မိမိ၏အရပ်နှင့် အညီ ငှက်ပျောတုံးတစ်တုံးအား ခုတ်ထားပါ။ ပြီးနောက် တစ်ညဖက်အိပ်ပါ။ နောက်နေ့ နေဝင်ရီတရော အချိန်တွင် ဗေဒင်ဆရာ အခါတော်ပေးထားသည့်အတိုင်း အထက်ပစ္စည်းများဖြင့် ငှက်ပျောတုံးအား အပြည့်အဝ မွမ်းမံပြီး ရေတွင်မျှောပါ။

အကောင်းဆုံး ကင်မရာတံဆိပ်မှာ Eye ပင်ဖြစ်ပါသည်။ Google Earth Application သည် လိင်စိတ်ကို နိုးဆွအပေးနိုင်ဆုံး တီထွင်မှုဖြစ်သည်။ ပန်ကာများတွင် သွေးပြန်ကြောမရှိကြောင်း ဘောလုံးအား အပြင်းဆုံး ကန်ပြနိုင်သည်။

သိဒ္ဓတ္ထသည် သုဒ္ဓေါဓန နှင့် မာယာဒေဝီ၏ တစ်ဦးတည်းသော သားဖြစ်သည်။ အသက်ရှစ်ဆယ်အရွယ် အဖွားအိုသည် ယိမ်းထိုးကခုန်လျက် အသားစိမ်းများအား ကိုက်ဝါးလျက်ရှိနေသည်။ ရေငတ်လွန်းလှသဖြင့် ကျင်ငယ်ရေ တစ်စက်နှစ်စက်သည် အသက်ဓါတ်ပင်ဖြစ်သည်။ ဖခင်လိုတစ်မျိုး ခင်ပွန်းလိုတစ်သွယ် ဆက်ဆံလို့ရသဖြင့် အခြားမည်သူ့ကိုမျှ မလိုအပ်တော့ပါ။


ရှိန်ဝါ
7 July 2014

No comments:

Post a Comment