ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Thursday, August 21, 2014

အကြောင်းအရာ။ ။ ခွင့်တိုင်ကြားခြင်း။

….. တာမဟုတ်ရင်တော့ သွားကျွတ်သွားတာပဲ။
သေနတ်ထဲကနေ ညှစ်ချကြည့်တယ် သွေးတွေ ပြောင်ပြောင်လက်လက်တွေ။
သဘောပေါက်တိုင်း အဝတ်တွေ ထုတ်ထုတ်လှမ်းနေသည့် ကိစ္စနှင့် ပတ်သတ်၍။
ဒါ လေယာဉ်ပေါ်က ကျွတ်ကျလာတာ၊ မျက်တောင်မွှေးတွေ။
ခြေစွယ်ငုတ်ရာနေရာ ဗုံးဝင်ဝင်ခိုတယ် တစ်ပြုံကြီး ဖြစ်ပါသဖြင့်။
လူ့အောက်ကျို့တယ် ပြားချပ်ပြီးသေတယ် ဝတ်ပြုကြလော့။
ဆိတ်ဆိတ်နေသူ၊ ပါးစပ်ထဲ ရွှေတန်ချီ အရည်ကျို လောင်းထည့်ခွင့်ပြုပါရန်။
ဘုရင့်နောင်ရုပ်ထုကြီး၊ (14.8.2014) ဖောင်ပျက်တွေကို လွယ်ထားဆဲ။
အမေဟာ ငါ့ချက်ကြိုးကို ဖြတ်ပြီးပြီးချင်း ဆေးရုံပလပ်ပေါက်မှာ ထိုးခဲ့တယ်။
နားထင်ကို တေ့ထားတယ် မိရိုးဖလာများ ကျည်ထိုးမောင်းတင်ပြီး အသင့်။
အမြဲ ဂငယ်ကွေ့ကွေ့တယ် ဘယ်ဖက်နှာခေါင်းမှ ညာဖက်နှာခေါင်း။
အယူမတော် အမင်္ဂလာ ထိုးမြဲလက်မှတ် ငါတို့အသက်ရှုမှုသမိုင်း။
ဒီမှာ ၊ ၁၃ပါးမြောက်ဝါကျမှာ ကပ်နေတယ် ကြောင်နက်မျက်ချီးဖက်တို့။

ရှိန်ဝါ
14 August 2014

No comments:

Post a Comment