ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Thursday, August 28, 2014

သကြားလုံးချိုချိုလေးတွေကို ဖောက်ခွဲပစ်ဖို့ တူရာစု

ရတဲ့အခါ ဘုရားဌာပနာတိုက်ထဲ လက်စွပ်နှစ်ကွင်းထည့်ပူဇော်လိုက်တယ်။
ကြတော့ ငါ့ဆီမှာ ငါးကြင်းခေါင်း၊ မင်းဆီမှာ ငါးကြင်းမြီး တက်တူးကိုယ်စီ ထိုးလိုက်ကြတယ်။
ပြီးနောက် ဆင်ဖြူကို ဆင်မည်းများက စောင့်ရှောက်ဖို့ ရွံ့တွေလူးပေးကြတယ်။
ဖို့အတွက် ကျွန်မမိဘတွေ ရံပေးလိုက်တဲ့ မြင်းတွေကို ယဉ်အောင် ရှင်မွေးပေါ့။
တဲ့ညမှာ မင်းဆံပင်တွေ ငါ့နှာခေါင်းထဲရောက်ပြီး၊ ငါ့ထွက်သက်ကို မင်းလုရှုသွားတယ်။
မှုမလုပ်ခင်တုန်းကတော့ တွင်းထဲက ပြောင်လက်လက်မြွေတွေရဲ့ အရေခွံကို ဆွဲချွတ်ပစ်ခဲ့တယ်။
ရင်းနဲ့ ကိုယ့်အသင်း နိုင်သွားတော့ ယူနီဖောင်းကို မချွတ်ချင်တော့ဘူး။
ခြင်းမှာ ပလက်ဖောင်းမရှိတဲ့ ကွန်ကရစ်လမ်းကြီးကို နှစ်လမ်းသွားပစ်လိုက်တယ်။
ရင်း စုရင်းနဲ့ အရင်တုန်းက မတွေ့ဖူးတဲ့ နင့်အမာရွတ်တွေ တွေ့လာရတယ်။
ကြမလို့ ငါတို့လက်မှတ်တွေကို ခြင်စာ ကျွေးပစ်ကြရအောင်။
အပြီးမှာတော့ လျာဖျားက အချိုဟာ ခြေ၊လက်၊ခေါင်း ယန္တရားတွေအတွက် စက်ဆီပဲ။

--------Candy Crush သို့
ရှိန်ဝါ
June 9 2014

No comments:

Post a Comment