နေဝင်အောင်
စိတ်တွေ လွှတ်ကျောင်းထားတယ်။ ဒါမှမဟုတ်
စိတ်တွေကိုဘောင်ခတ်လိုက်လို့
နေဝင်သွားတာလည်း ဖြစ်နိုင်တယ်။
အရေပြားကို
တဒုတ်ဒုတ်လာတိုးနေတဲ့ သွေးလေခြောက်ခြားမှု။
ပိုင်ဆိုင်မှုနယ်နမိတ်ထဲ
အသန်ထွက်ညန့်ညန့်နဲ့ င…နိုင်ဂန်ဒေါ်။
တစ်ယောက်ကိုတစ်ယောက်
တိုးကြိတ်နေကြတော့ ဘယ်နေရာက ဝင်ရူးရမလဲ။
အိပ်ရာသံတွေဟာ
ဘုရားခန်းထဲအထိ ဝင်ရောက်ဝတ်ပြုတယ်။
ထွက်ပြေးဖို့ရာ
ရုပ်ပြောင်းနာမ်ပြောင်းဂါထာကိုသာ စွဲစွဲမြဲမြဲ သရဇ္ဈာယ်ရမယ်။
Em;rvnfatmif a&;xm;wmudkvmzwfaeao;w,f rMunfhygeJYqdwdkwmudk
အချက်ပေးသံတွေလာလာ
မလာလာ၊ ကိုယ်တွင်းဗုံးဟာ ဘဝတပါးအဖြစ်
ပြန်လည်စလောင်တယ်။
လောင်ပြီးမှ ပြန်လည်စတင်အသံထွက်တယ်။
အရောင်တွေကိုတော့
မတားနိုင်တဲ့ ငှက်တွေရဲ့ တခုတည်းသောကောင်းကင်။
အလင်္ကာတွေချည်း
ညှစ်ထုတ်ခဲ့တော့ အင်္ဂါအစစ်တွေနဲ့ လွဲချော်ခဲ့ရရှာလေတယ်။
ကလေးတွေဆိုတော့လည်း
အမှန်ဆိုတာတွေချည်းပဲ လုပ်ကြတာပေါ့။
လာလတ္တံသောလှေကားထစ်များထက်
ပို၍ပြောင်ချောနေသော ပထမလှေကားထစ်မှစတင်ကာ အခြားလှေကားထစ်များ၌ရှိနေသော အကြားအလပ်တိုင်း
စိတ်သတိအဟများ သေကြေပျက်စီးနေပုံအား တွေ့ရှိအပြီး အခန်းတံခါးကို ကိုယ်ပိုင်တံခါးခေါက်ချက်မည်မျှဖြင့်
ခေါက်ရမည်လဲကို စဉ်းစားရင်း တံခါးပွင့်သွားလျှင် နောက်ထပ်လှေကားထစ်တွေကို တွေ့ရဦးမှာလားဟုသော
မဲပြာပုဆိုးမေးခွန်းအားသာ ထပ်မေးရမည်ဖြစ်သည်။ (တက်မိသောလှေကားအမှတ် မှား/မမှားအား မသိရှိသေး။
သိရှိရန် လို/မလို။)
အခြားတစ်ယောက်ဖြစ်သွားမှာစိုးလို့
ကိုယ့်ကိုယ်ကို ဝစ်လစ်စလစ်ထားပြီး
ပြန်မကြည့်ရဲဘူး။
အိမ်ပြန်လာတိုင်း အိမ်ပေါက်ဝကိုပိတ်ထားတဲ့ ငါ့ခွေး။
ဘာသာစကားဟာ
မှန်ထဲ ငါ့ဘယ်ဖက်လက်နဲ့ ငါ့ကိုနှုတ်ဆက်တယ်။
Samsaung
TV မှန်အခွက်ထဲက ရုန်းကြွလာတဲ့ 3D ပင်လယ်အခုံးကြီးထဲ
Google
Earth ဟာ CCTVတွေရဲ့ နောက်ကွယ်ကကြိုးတွေကို မြင်မသွားရရှာဘူး။
ကြည်စိမ်းနေတဲ့ရေထဲ
အခြားကမ္ဘာကဂြိုလ်သားတွေနဲ့ လိင်ဆက်ဆံကြ။
ကြည့်ရင်မြင်ရမယ်လို့
သိခဲ့ရတဲ့ စကြဝဠာကြီးကိုလည်း မော့မကြည့်ဖြစ်ခဲ့ဘူး။
ကြယ်တစ်လုံးကို
ကိုလံဘတ်လို့ နာမည်ပေးလိုက်တယ်။ နှုတ်ခမ်းမွှေးတွေ
ကို
ရိတ်ပြီးရင် ပျော်ပျော်ကြီးသေလို့ရပြီ။ (ကိုယ်ချင်းစာတဲ့အနေနဲ့)
ငါ့အလောင်းကို
သူတို့ရှာလို့လွယ်အောင် အပုပ်နံ့ပေးခဲ့ရမယ်။
λ▲┴ᶩ¢£¤¥§µ·¶±€◊תּשּסּףּהּזּפֿﭏﭓﯝﯔﮱﮫﮪﮪﮬﮭﺱﺲﺴﻕﻹﻞﻜ
အဆုံးသတ်ပြီးရင်
ဒီကဗျာက ရှိန်ဝါ့ကို ဟားတော့မှာပဲ။
ရှိန်ဝါ
19 November 2014