ဆေးဝါးနဲ့
သေနတ်တွေကို သင်္ဘောတစင်းထဲ တင်ပို့လိုက်တယ်။
ကျန်ကျောင်းဟာ သူရဲ့ကျောက်စိမ်းဓါးကို ဆွဲထုတ်လိုက်တယ်။
ကလေးတိုင်းလိုလို
မီးလင်းတဲ့ကစားစရာဆိုရင် ကြိုက်တတ်ကြတယ်။
ကလေးဟာ
သူ့ဆိုင်ကယ်လေးကို ဖျာပေါ်မှာ မောင်းလို့မဆုံးဘူး။
ဘဲတစ်ကောင်ရေခါတာကို
သူ့အသိုင်းအဝိုင်းက ဘယ်ဘဲမှ ဂရုစိုက်မနေဘူး။
လွယ်အိတ်ထဲက
သမိုင်းစာအုပ်ထဲမှာ ဒီနေ့အဖို့ မုန့်ဖိုးမပါတော့ဘူး။
ပယောဂဆရာရဲ့
့မျက်နှာပေါ်မှာ ချွေးတွေဟာ ရွှေလိုသီးလို့။
ကျွန်တော်ရေးလို့
မပြီးနိုင်တော့တာ ခင်ဗျားတို့ကြောင့်ပဲ။ အလုပ်မရှိ အလုပ်ရှာ
အဖွားဟာ
အိမ်ထဲက ပစ္စည်းတွေ တနေကုန်ရွှေ့နေတော့တာပဲ။
မျက်နှာရှေ့ကိုပဲ
မီးထိုးထားတော့ နံရံပေါ်မှာက အရိပ်မည်းကြီှးတွေ။
ငြိမ်းချမ်းရေးဟာ
အလုပ်လက်မဲ့။ စပါးစိုက်ချိန် ခဏနား
ပြီး
၊ နှစ်လေးဆယ်ကျော် တိုက်ခဲ့တဲ့ မွန်-ဗမာ စစ်ကြီး။
တစ်ချို့လူတွေ
ချွေးထွက်ဖို့ တစ်ချို့လူတွေ ပြေးပေးနေရတုန်း။
ရှိန်ဝါ
၁၁။၅။၂၀၁၄
No comments:
Post a Comment