ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Thursday, August 28, 2014

ဂွမ်း

မီးသီးထဲ တွဲလောင်းကျနေတဲ့ နှပ်ချေးအလင်းရောင်။ ငါဟာ ၁၉ ရာစုကတည်းက ဖျားနာနေခဲ့တဲ့။
မီးကျီခဲရဲရဲထဲကင်၊ ပေပေါ်တင်ပြီး တူကြီးနဲ့ တဒုန်းဒုန်းထု။
(ဘုရားကြီးကို သိမ်းပြီးကတည်းက ဘုရင်မကြီး ခေါင်းကိုက်တော့တာပဲ)
နလပိန်းတုံး အဖြူရောင်တွေ။ နံရံမှာ ကပ်ထားတဲ့ အညှီအဟောက်ပင်လယ်ပြာကြီး။ အလွယ်လမ်းလိုက်တဲ့ အုတ်ကြားမြက်ပေါက် စမ်းချောင်းတွေ။တော်တော်လေးပွေလီတဲ့ ပလီပလာ ဆံပင်တွေ။ Departures ဇာတ်ကားထဲမှာ ဂျပန်မင်းသားဟာ အလောင်းကောင်ကို အလှပြင်ပြီးတိုင်း ကြက်ခြေထောက်တွေ၊ ကြက်ပေါင်တွေကို အားရပါးရ ကိုက်ဝါးတော့တာပဲ။
အရဟံ တစ်လုံး။
အရဟံ နှစ်လုံး။
အရဟံ ခုနှစ်လုံး။
အရဟံ တစ်လုံး။
တစ်လုံး အရဟံ။
သုံးလုံး အရဟံ။
ပြတင်းပေါက်မှန်သားထဲ ဘိုသီဘတ်သီ ပန်းပွင့်လွှာတွေရဲ့ သွေးကြော။ နလပိန်းတုံး အဖြူရောင်တွေ။
ဝိတိုရိယခေတ်ကတည်းက ကိုက်နေတဲ့ခေါင်း။ ဆံပင်တွေရဲ့ ပလီပလာ စကားသံ ငါ့နားမခံနိုင်ဘူး။
မီးကျီခဲရဲရဲထဲကင်၊ ပေပေါ်တင်ပြီး တူကြီးနဲ့ တဒုန်းဒုန်းထု။
(အသက်ကိုမစောင့်နိုင်လို့ ဥာဏ်ဟာ သူ့တစ်ယောက်တည်း ထွက်သွားပြီ)
ဟုတ်တယ်။ အခု ခြောက်လပိုင်းထဲ ရောက်နေတာကွ သူငယ်ချင်း Diclo နဲ့ Destro ရေ။
လက်သည်းခွံနဲ့ ခြေသည်းခွံတွေက ညှပ်ပူးညှပ်ပိတ်ဖိထားတာ အောင့်နေတာပဲ။
အဲဒီ Lesson 7 ရဲ့ Exercise 9 ကို အခြေခံရအောင် သေသေချာချာကြည့်။
ပန်းရောင်ဝင်းဖန့်ဖန့်လေးဟာ ဦးပြည်းစိမ်းစိမ်းလေးနဲ့ လိုက်ဖက်လိုက်တာ။ အာ….
ငရဲတွေကြီးကုန်တော့မှာပဲ။
စိတ်ကိုထိန်း။
စိတ်ကိုထိန်း။
ပြောင်လက်နေတဲ့ ခုတင်စောင်းတွေ။ ပင်လယ်ရဲ့ ညှီချက်ဟာ အဆုတ်တစ်ခုလုံး အရိအရွဲတွေနဲ့။
ချောင်းဆိုးလိုက်ပြီဆိုတိုင်း အဲဒီရွံ့စရာ ပုံဆိုးပန်းဆိုး နှလုံးသားကြီးတွေ ထိုးအန်တော့တာပဲ။
(ဒီလောက်ကောင်းတဲ့ K-Pop တွေကို အရင်က ဘာလို့ ကြည့်မရခဲ့ပါလိမ့်)
ခါချဉ်ကောင်ရဲ့ဖင်ကို စုပ်ခဲ့ဖူးတာ ချိုသလား ချဉ်သလား သူတို့ မမှတ်မိတော့ဘူး။
စအိုမှခေါင်းအထိ တံစို့ထိုးကင်ထားတဲ့ ငှက်ကြော်စားရရင် ခံတွင်းပြန်လိုက်မလားပဲ။ အငံလျော့လိုက်ရင် ကျွန်မဆိုင် မရောင်းရတော့ဘူး ဆရာလေးရဲ့ဆိုတဲ့ လမ်းထိပ်က မုန့်တီသည် ဒေါ်ဝင်းဟာ အိပ်မက်ထဲရောက်လာတယ်။


Credit to Anonymous Fucking Flu!
ရှိန်ဝါ
29 June 2014

No comments:

Post a Comment