အရှင်မွေးခဲ့တဲ့
အသေမွေးအနာဂတ်အရေအတွက် ဘယ်လောက် ဘယ်လောက်။
ငါ့အိမ်ရှေ့မြောင်းပုပ်ထဲ
ပိတ်ခဲ နံသိုး ဆို့နင့် အရေးကြီးမေးခွန်းတွေနဲ့
2B
ခဲတံအနက်ကိုသာအသုံးပြု၍ သေမှုသေခင်းအား ကျူးလွန်ပါ။ သေဆုံးသူအားလုံးဟာ
တို့အိမ်ထောင်စုထဲကချည်းပဲလား။ နိုင်ငံဆိုတာ မျှဝေသုံးစွဲနေရတဲ့ အိမ်သာတစ်လုံးလား။
အဆိုပါရည်ညွှန်းချိန်
သန်းခေါင်ယံ၌ ၀ိညာဉ်တို့ နိုးထကြလော့။ စကြာဝဠာတွင်းနက်ကြီး
တွေထဲမှာ
သင်တို့ရဲ့ အခုလို ကိုယ်ရေးကိုယ်တာကိစ္စတွေကို လျှို့ဝှက်ပေးထားပါ့မယ်။
နေမြဲအရပ်မှာနေထိုင်ရတာ
အေးစေ၊ သက်သာ ရှိပါရဲ့လား။ ကိုယ်ဝန်ဆောင်စဉ်မှာပဲ
ပျက်ကျသွားခဲ့ရတဲ့
အဖြေများဖြစ်ပါတယ်။ ငါဟာ အရောင်ပျက်လက်မှတ် ကိုင်ဆောင်သူ။
ငါဟာ
ဘတ်စ်ကားလေးဘီးစလုံးကို ပိုင်ဆိုင်တဲ့ သွားကြားထိုးတံ တစ်ချောင်း။ ပလက်ဖောင်းပေါ်မှာ
ဆွဲထားတဲ့
ကျားကွက်လေးအတိုင်း အမိုးအကာများကို လုပ်သားအင်အားပြရန် နေရာရွှေ့ပါ။
လူအဖြစ်
အောင်မြင်ပြီးနောက်။ ကျွန်တော်တို့ဟာ သွေးကြောတွေဟာ
ငါ့လက်ဖျံပေါ်မှာ
ငါ့အရေပြားပေါ်မှာ မင်းတို့ scan ဖတ်ဖို့ barcode လို့ ထင်နေတာလား။
အမြင့်ဆုံးတက်ရောက်ပြီးစီးခဲ့သော
ပြည့်ပြီးအသက်ကိုဖြေပါ။ လူကြီးမင်း
ရဲ့
သေဆုံးစဉ်အသက်နဲ့ သေဆုံးရခြင်းအကြောင်းအရင်းကို ပြောပြပေးပါ။
ရေငံအရပ်
မကျီးပင်ကျေးရွာလေးဟာ ငပုတောမြို့နယ်မှ လပွတ္တာမြို့နယ်သို့ ရွှေ့ပြောင်းသွားလာခြင်း။
ခူးဆွတ်ဖို့ရာ
အခန့်သင့် စိုက်ခင်းကြီး တို့ခေါင်းပေါ်မှာ ဇောက်ထိုးကြီး အဖြစ်၊ စနစ်တွေလား။
မွေးပြီဆိုကတည်းကရည်ရွယ်ချက်လေးလှလှနဲ့
အမှတ်စဉ်တပ်ခံခဲ့ရ။ အိမ်သာထဲက
ကြွေပြားတွေကလည်း
သူ့အကွက် သူဆောင်ကြတာပဲ။ မြွှေဆိပ်ဖြေဆေး ထိုးသွင်းသလို
အမြင်၊
အကြား၊ လမ်းလျောက် အမြင့်တက်၊ သင်ယူလေ့လာမှတ်သားနိုင်စွမ်းမေးခွန်းများ။
မောင်မောင်သည်
သစ်ပင်ပေါ်က လယ်ကွင်းများကို ကြည့်သည် ဆိုသော သဒ္ဒါအမှားလား။
ဒီကဗျာမှာမေးခွန်း
၄၁ အလိုအရ အပိုဒ်ရေ ၄၁ ပိုဒ် ပါမယ်လို့ မမျှော်လင့်နဲ့။ ထုံးစံအတိုင်း
ဒီကဗျာဟာ
ငါ့အဖွဲ့အစည်း။ ငါဟာ ဒီကဗျာရဲ့ ဦးစီး။ ဒီကဗျာကို ငါအရှင်မွေးခဲ့တာ။
လူတိုင်းကိုမေးရန်။ အသက် (၁၀)နှစ်နှင့် အထက်ကိုမေးရန်။ အိမ်ထောင်ကျဘူးသူ
အမျိုးသမီး
အသက်
(၁၅ နှစ်နှင့် အထက်) ကိုမေးရန်။ မျောက်က ကနေတဲ့ ဗြဟ္မာကြီးလေးဦးကို မေးရန်။
ယောင်နောက်ဆံထုံးပါလို့
ပြောင်းရွှေ့လာခဲ့ပါတယ်။ ရေမြော ကမ်းတင် လေလွင့် ပျံကျ ဘဝမှာ
မိုးလင်းလို့
ရေပိုက်ခေါင်းဖွင့်လိုက်တာနဲ့ ပုရွက်ဆိတ်တစ်ထောကြီး ထွက်ကျလာဖူးသလား။
မျက်မှန်ကိုင်းပေါ်မှာ
မြင်ကွင်းကို ချုံ့ထားတဲ့ တောက်ခေါက်သံတွေ။ နားကြားကိရိယာထဲက
ခုနှစ်တွေကို
ချုံ့ထားတဲ့ ငိုသံတွေ။ ချိုင်းထောက်ပေါ်မှာ ပေကျံနေတဲ့ ခရီးတွေ။ ကိုယ်အင်္ဂါ တစ်ခုခု
ချို့ယွင်းနေသူ။
ဒါဟာ ၃၁ နှစ်ခံ အိမ်တစ်လုံးကို စမ်းသပ်ခြင်းလား။ ငါဟာ
၃၁
နှစ်ကြာပြီးမှ အိမ်ကိုပြန်လာခွင့်ရှိခဲ့တဲ့ ဧည့်သည်တစ်ယောက်လား။ ငါဟာ
၃၁
နှစ်ကြာပြီးမှ သော့ပေါက်လေးက လျောဝင်လာတဲ့ မျှော်လင့်ချက်လား။ ငါဟာ
မင်းနဲ့အတူ
ညအိပ်ခဲ့တဲ့ ဘယ်နှစ်ခုမြောက် ဂဏန်းသင်္ကေတလဲ မာဆတ်မလေးရေ။
အနှီမေးခွန်းမှာ
ဘာသာရေးစူးချွန်များဖြင့်။ ပုံထားတဲ့ ရိုးရာဝတ်စုံလေးတွေကို
ကို
မကြည့်လိုက်ရင် တွေ့ရမယ့် တောတောင် ချိုင့်ဝှမ်း ပင်လယ် လွင်ပြင်တွေ။
နေအိမ်အဆောက်အအုံတွင်
အဓိက အသုံးပြုသော ပစ္စည်းဆိုတာ အဘွားရဲ့
အံကပ်လား။
အဖေရဲ့ အသားမာတွေလား။ အမေ့ရဲ့ ဆံသားအကျွှတ်တွေလား။
အပူတပြင်း
၂၀၁၄ ဟာ နောက်ဆုံး လက်ယက်တွင်းလေးလား။ အာဒမ် နဲ့ ဧဝဟာ
တွဲဖက်စားသုံးရန်
မသင့်သော သစ်သီးများဖြစ်ကြသည်။ အဓိကအသုံးပြုသော စွမ်းအင်မှာ
ပေါက်ကွဲလွယ်
တဏှာ။ ရွာရဲ့ဖင်ကိုလှန်ထားတဲ့ လယ်ကွက်မှာ စပါးတွေ အမြဲသန်မာနေတာပဲ။ ဒါဟာ
ငါသတ္တိကြွ
ငါ့ပစ္စည်း။ အဲဒီကွက်လပ်မှာ ကျူးကျော်၊ တရားဝင် ကြိုက်တာသာ ဖြည့်လိုက်တော့။
အဆိုပါ
ဂျာမနီလုပ် ခဲဖျက်ဖြင့်သာ မြန်မာဘာသာစကား အမှားများအား ဖျက်ပါ။
ငါ့မြို့လေးဟာ
Google Earth မှာ စာလုံးပေါင်းမှားနေတော့ ဒုက္ခော။
ကမ္ဘောဒီးယားနိင်ငံသားတွေ
ဧရာဝတီလင်းပိုင် ကယ်ဆယ်ရေး လုပ်ကုန်ကြပြီ။
မော်ဒယ်မလေးရဲ့
အောက်ခံဘောင်းဘီမှာ အလံကြီးဟာ တလူလူလွင့်လို့။
ငါဟာ
တရုတ်တန်း၊ ကုလားတန်း လုပ်ခွင့်ပေးလိုက်ရတဲ့ မြို့ငယ်လေးတစ်မြို့။ ငါ့လက်စွပ်ပေါ်မှာ
အခြေချနေထိုင်ပါ။
ရေခဲနန်းတော်ထက်က ငါ့ရဲ့ မီးစရုပ်ကြွင်းများနဲ့ အိမ်ထောင်ရေးအခြေအနေ
လူဦးရေတိုးပွားရန်အလို့ငှာ
ဤမေးခွန်းများကို သင်းကွပ်ပါ။ ခင်ဗျားရဲ့ ဖြေဆိုပိုင်ခွင့်
သဘောအတိုင်း
ဒီကဗျာကို စာရင်းပိတ်လိုက်တော့မယ်။ ပြည်ပတွင် အခြေချနေထိုင်သူ
နိုင်ငံကူးလက်မှတ်များစွာရှိသူ
ဖရုဿဝါစာ။ ငါ့တစ်ကိုယ်လုံးဟာ ငါ့ခန္ဓာကိုယ် အတ္တဘောကြီးရဲ့
နိုင်ငံသားစင်စစ်တစ်ယောက်
ဖြစ်ပါတယ်။ ၁၂ ရက်နဲ့တင် မလောက်ရင် ၁၂ လများစွာ
မြိုသိပ်အောင့်အင်းထားရတာတွေ။
သွားကြားထဲကနေ ကော်ထုတ်ပစ်လိုက်တယ်။
နှာခေါင်းထဲကနေ
နှိုက်ထုတ်ပစ်လိုက်တယ်။ လူပီသသော အညှီအဟောက်များ။
ရှိန်ဝါ
*
ဟိုမိုစေးပီးယန်း = Homo Sapiens = လူသားမျိုးနွယ်
* ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေ
နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မေးခွန်းများ
No comments:
Post a Comment