ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Thursday, August 28, 2014

ငါတို့အားလုံးရဲ့ ရုပ်ရှင် နေတယ်

(၁)
ဝန်းကျင်တစ်ခုလုံးပါ အမှောင်နဲ့ ရွှဲစိုနေတဲ့ အိမ်လေးတစ်လုံး။
အိမ်လယ်ခေါင် ဖယောင်းတိုင်လေးရဲ့ နံဘေး၊ ကဗျာတစ်ပုဒ်ကျက်နေတဲ့ ကလေးငယ်လေး။

(၂)
၁၀ နာရီ ၃၇ မိနစ်မှာပဲ ရပ်တန့်နေတဲ့ မှန်ကွဲ နာရီတစ်လုံး။
ဘယ်သူမှ လုထိုင်လို့ မရတော့တဲ့ သွေးစွန်းထိုင်ခုံတစ်လုံး။

(၃)
သျှောင်ထုံးကြီးမှာ အကြောပြိုင်းပြိုင်းထ၊ ကဗျာတစ်ပုဒ်ကို ရေးနေရတဲ့ ခဲတံတစ်ချောင်း။
ဂမူးရှုးထိုးကား၊ တုန်ယင်လှိုက်လှဲမြေကြီး၊ အဖွားအိုရဲ့ တည်တည်ငြိမ်ငြိမ် ခြေတစ်စုံ။

(၄)
“ငါတို့ဗမာပြည် မိဘတိုင်းကကွယ် ….” ဆိုတဲ့ လူတိုင်းအလွတ်ရ ဇာတ်ဝင်တေးတီးလုံး။
မီးလောင်သလို တဗြစ်ဗြစ်မြည်နေတဲ့ အံကြိတ်သံတွေ။

(၅)
နေဝင်စ မျက်နှာတွေကြားက  ဆို့နင့်နေတဲ့ ရေဒီယိုလေးတစ်လုံး။
ဘယ်အရပ်ကလေတိုက်တိုက် စီးကျနေဆဲ တံစက်မြိတ်က မိုးရေတွေ။


ရှိန်ဝါ
၁၅။၅။၂၀၁၄

No comments:

Post a Comment