ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Thursday, August 28, 2014

အတွင်းတွင်တွင်ရေး

နန်းမဆောင်ဧည့်ခန်း၌ ထီးထီးထောင်ထားသည့် တံမြက်စည်း သူတို့ဟာ ငါတို့ကို ဘယ်တော့မှ နားမလည်ခဲ့ နေရောင်အား ငတ်မွတ်နေသည့် ပြတင်းဘောင်အကျိုးအပဲ့ အစုတ်အပြတ် ပရလေးဟိတရုံရှိသေး ငွေရောင်တလက်လက် ထလက်ကြ သူတို့ နေရာအနှံ့ ကြဲဖြန့်ထားသည့် ပိုးပေါက်များသတင်း အစွန်အဖျားလောက်လေးနဲ့တင် လေထုကို အထင်တကြီး သာယာနေကြသူတွေ တကယ်ရီရတယ် တဲ့စားကောင်းသောက်ဖွယ်များ ခင်းကျင်းထားသော်ငြား မလိုအပ်တဲ့ အမှိုက်တွေကို လက်ခံနေရပုံများ နှမ်းလာမဖြူးနဲ့ ကျွမ်းသွားမယ် လိုက်ကာစလေး တလူလူ မတားဆီးနိုင်တော့ အိမ်ရှင်ဟာ နောက်ကွယ်က သိသိသာသာ ထင်းထင်းကြီး စားပွဲပေါ်က စာအုပ်များနှင့် ထိုင်ခုံများသည် အလိုအလျောက် မရွေ့လျားနိုင်ပါသဖြင့် နံရံများအတွင်း နစ်မြုပ်နေသော မိခင်၏ သမီးအား တီးတိုး ဖျောင်းဖြသံ ဘာလို့အလောတကြီး ငါးပိဝယ်ကြမှာလဲ သင်းတို့ခမျာမှာ ………………………..

ဒီကဗျာကို အခေါက်ရေ သက်စေ့ဖတ် ပြီးလျှင် အန္တရာယ်ကင်းအောင် သက်စေ့ဝေရန် စသော လူးအဖွဲ့အစည်းကြီး၌ ငါတို့လောက် ဘယ်သူဟာ ငါတို့ နိုင်ငံကို အလွတ်ရမလဲ မျက်တောင်မွှေးတဆုံး၌ ငုပ်နေသော လက်စွယ်သည် လမ်းမများပေါ်တွင် ခရီးသွားဟန်လွဲ ဆိုက်ထူထားသော လွတ်လပ်ရေး ဟုဆိုလျှင် ပထွေးမျှော်တေး မဟုတ်ဘူးကွ ဟု ဝမ်းမြောက်ကြောင်း ဝမ်းနည်းကြောင်းစသည်ဖြင့် သဝဏ်လွှာ ပေးပို့လိုက်ပါခြင်း ချစ်ခြင်းမေတ္တာဆိုတာ အပူကူးခြင်းလို့ လူထုကိုပညာပေးဖို့ အရေးကြီးသလိုလို  လက်မောင်းပေါ်မှာ ထိုးထားတဲ့ ဘီလူးတက်တူး ဖျက်မရ အရောင်မှိန်မှိန် မမှိန်မှိန် အဲဒါငါတို့ကိစ္စ ဝင်ရှုပ်ချင်ရအောင် မင်းအပူပါလို့လား မြွေလေ စစ်ချီသတိအနေအထား ခြေစုံရပ်နေတော့  အဝေးကလမ်းလေးဖွေးဖွေးလို ကြိတ်ဝါးဖို့ရန် လျှာပေါ်မှ အရင်းနှီးဆုံး အရသာအစိမ်းကြီး အဲလိုဖြစ်အောင် ငါတို့ တမင် လုပ်ပစ်လိုက်တာ ဟာဟ သို့အတွက် အထင်သေးစေချင်ပါသဖြင့် အရူးတွေနဲ့ ကနဦး ပေးစားပစ်လိုက်ခါ ရူးကြတော့ဟု ရိုးလင်းလွန်းသော အလင်္ကာ မိုးခါးရေကို မရိုးနိုင်ကြပါသဖြင့်……………..

ငါတို့အဖို့တော့ ပြုတ်ပျက်ကျနေကြ မြို့ပြကျူးကျော်၊ တောင်ပေါ်၊ ပင်လယ်အော်၌ပင် ခြေတဖက်တောင် မချဖူးတဲ့ ကောင်တွေကများ ငါတို့က စောက်ရူးမှ မဟုတ်တာ ပိုစိမ်းသော အခြားမြက်ခင်းပေါ်တွင် မှောက်ပျောက်သွားသော အရောင်များအဖြစ် တိုင်းတပါးသားဆိုတာနဲ့ တံတိုင်း ခြားပစ်လိုက်တာ ဆင်းရာခြစ်ရာများလွန်းသဖြင့် ထစ်ထစ်နေသော ဓါတ်ပြားခွေသကဲ့သို့ အချိန်တိုင်း ရှင်ပြန် ထမြောက်နေရအောင် သူတို့ ကရော ငါတို့ကရော ဘာမို့လို့ မိုးများ မိဘပြည်သူများ၏ တဲစုတ်အမိုးများပေါ်မှ ပန်ကြားပါသော်လည်း ပွဲကတော့ လှတော့မယ် မျက်စိလည်လမ်းမှားလာသော ဝင်္ကပါသည်  စက္ကူ ပန်းရုံအနီး လိမ်ကောက်ဖောက်ထွက်၍ အဲလိုပဲ လွယ်လွယ်ကူကူ သဒ္ဒါနည်းစနစ်ကို ပြင်ပစ်လိုက် အလျင်အမြန် ဆိုက်ရောက်လာသော အကူအညီပေးသူ ဖြစ်ချင်ခြင်းများကို မင်းတို့လေ့လာမဆုံးတဲ့ စာအုပ်ကြီးထဲ ထပ်ထည့်လိုက် ထပ်ထည့်လိုက် နည်းအသစ်များဖြင့် အကြောင်းအရာ အဟောင်းများကို ရှင်နဲ့ လိင်ဆက်ဆံဖို့ ကျွန်မ အဝတ်အစား ပြောင်းဝတ်ရမယ်ဟု သွင်သွင်ရေးနေရသော နာကျင်မှုဖြင့် အာ….. မပျော်ဘူး တွေအဆုံးမသတ် နိုင်ပါသောကြောင့်။        ။

ဆမားဒူဝါး လူဆန်းသို့
ရှိန်ဝါ

No comments:

Post a Comment