ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Thursday, August 28, 2014

မိတ္တူကို -

(၁) ပေးပို့လိုက်သည်များသည် လက်ထိပ်တန်းလန်းတိမ်များ ဖြစ်သည်။ ရောက်/မရောက်များက ရေမရောသော အရင်ဘဝအား ထောက်ခံစာရေးပေးသည်။ နတ်ကောင်းနတ်မြတ်များ တင်းလေသည်။ ဗန္ဓုကမ္ဗလာ မြကျောက်ဖျာအား မသွားကြသည်။ ကလေးငယ်များ လူဆိုးလုလုပ်၍ ကစားနေကြသည်။
(၂) သားဦးပြွန်၌ပင် ကြီးထွားလာသည်။ နှစ်ဖက်စလုံးမှ သေဆုံးစာရင်းအား ပေးပို့လိုက်သည်။ မျက်ရည်များ တရွက်ပြီးတရွက် မီးရှို့ပူဇော်သည်။ ရုပ်ထုစင်စစ်များရှိရာ နတ်ကွန်းဆီသို့ သွားကြသည်။ မီးနီတဖျတ်ဖျတ်ဖတ်ခြင်းနှင့် မိနေသည်။ တောင်ပို့ဖြစ်သွားသည်။ ဆန္ဒခြများကသာ ပိုင်ရှင်ဖြစ်ကြေင်း အတည်ပြုလိုက်သည်။
(၃) ခေါင်းတိုင်ဝရှိ မြေသြဇာများ ဖြစ်သည်။ မီးခိုးတအူအူအား တစ်လွှာချင်း အခွံခွာသည်။ ရာထူး၊ ဌာနကို ရင်ဘတ်တွင် ထိုးချိတ်သည်။ နှလုံးသွေးကြောမကြီးသည် တရားခံဖြစ်သည်။ နေရာတွင်ပင် ပွဲချင်းပြီး အောင်မြင်သည်။
(၄) စားရမဲ့ သောက်ရမဲ့ဘဝဖြင့် လူကြီးမင်းတို့ဆီ ဆိုက်ရောက်လာသော ခေတ်အန်ဖတ်များ  သက်သေအထောက်အထားခိုင်မာစေရန် အလို့ငှာ ကွိစိကွစတွေက ဟမ်ဘာလဲတွေကို ဘယ်လိုဘယ်လို လိုက်သောကြောင့်  မသိဦးနှောက်များကို ချိုင်းကြားထဲတွင် ကလစ်နဲ့ ညှပ်ထားလိုက်ကြတော့သည်။
(၅) …………… ………… …………… …………… …………… …………… …………… …………… …………… …………… …………… …………… …………… …………… …………… …………… …………… …………… ………… …………… …………… …………… …………… …………… …………… …………… …………… …………… …………… ……………

ရှိန်ဝါ
21 August 2014

No comments:

Post a Comment