ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Sunday, February 3, 2013

ပွဲဈေးတန်းထဲစီးမျောခြင်း

“ပွဲဈေးတန်းထဲစီးမျောခြင်း”

ငါဟာလူတွေကြားထဲရောက်သွားတော့
လူဖြစ်သွားတယ်
ငါမဟုတ်တော့ဘူး
မီးရောင်စုံတွေလင်းလက်နေပုံက
သီတင်းကျွတ်ဆီမီးဖောင်လေးတွေ မျောနေသလို
တထောင်းထောင်းထနေတဲ့ ဖုန်မှုန့်တွေကသာ
တစ္ဆေတွေလို၊ ၀ိညာဉ်တွေလို
လူတွေကြားထဲဖြတ်သန်းတိုးဝှေ့နေကြတယ်
ရောက်တုန်းရောက်ခိုက်
စားသုံးလိုက်ကြတဲ့ ပျော်ရွှင်မှုတွေနဲ့
ထွက်ပေါက်ကို ခဏတာဝယ်ယူလိုက်ကြတဲ့
မူးယစ်ရီဝေခြင်းတွေနဲ့
လမ်းနံဘေး
ဝမ်းတထွာရှေးရိုးပါဖောင်းမန့်စ်မှာလဲ
ဈေးသည်ရဲ့ အလိုမပြည့်မှုတွေ
ဈေးဝယ်ရဲ့ အလိုမပြည့်မှုတွေ
ရိုက်ချက်ပြင်းပြင်း ချဉ်းနင်းဝင်ရောက်ကြတယ်
ငါတို့ရဲ့ မျှော်လင့်ချက်ဟာ
ကလေးတွေပျော်ကြတဲ့ ချားရဟတ်ကြီးလိုလား
အမြင့်ဆုံးတတ်၊ အနိမ့်ဆုံးပြန်ကျ
ပြန်တတ်၊ ပြန်ကျ၊ ပြန်တတ်၊ ပြန်ကျ
အလှုခံမဏ္ဍပ်ထဲ
မျှော်လင့်ခြင်းထီလတ်မှတ်များ ရောင်းကောင်းတယ်
နောက်ဆုံးတော့လဲ
ငါဟာ ငါတွေကြားထဲပြန်ရောက်သွားတာဆိုတော့
ငါဟာ ငါပဲ ပြန်ဖြစ်သွားတာပါပဲ။    ။
                                                                   ( ရှိန်ဝါ )

No comments:

Post a Comment