ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Wednesday, February 20, 2013

ရေရှားပါးမှုပြသနာ။စားဝတ်နေရေးနှင့် နိုင်ငံတိုးတက်ရေးဆိုတာ......

ပြောမယ်ပြောမယ်နဲ့ လိုင်းတွေ ကောင်းလို့ မပြောဖြစ်တာပါ.အားလုံးသိကြတဲ့အတိုင်းပဲ ကျနော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်နေကြပါပြီ။ ပျော်တဲ့လူတွေ ပျော် ညစ်တဲ့လူတွေညစ်ပေါ့။ ဒါပေမယ့် အဲ့ပြောင်းလဲမှုရဲ့ ကောင်းကျိုးတွေကို သေသေချာချာ မခံစားရသေးတဲ့ လူတွေ အကြောင်းပြောချင်လို့ပါ။
      ဒီလ Reader Digest My Story မှာ ပါတာလေး ပြောချင်လို့ပါ။ စီးပွားရေး ဘွဲ့ရပညာတတ်တစ်ယောက်ဟာ သူရဲ့ တက်လမ်းတွေကို အကုန်စွန့်ပယ်ပြီး အလုပ်ပထမဆုံးဝင်တဲ့နေ့မှာတင် အဲ့က ထွက်ပြီး NGO တစ်ခုမှာ အလုပ်ဝင်လုပ်တဲ့ အကြောင်းပါ. အဲ့မှာ ရေရှားပါးတဲ့ ရွာတွေကို ရေပေးဝေရေး လုပ်ဆောင်လိုက်တဲ့အတွက် ဘယ်လိုအကျိုးတွေရတယ်ဆိုတာကို ပါးပါးလေး ရေးပြထားတာပါ။
         အခု ကျနော် ပြောချင်တာက ကျနော်တို့နိုင်ငံက ကျနော်တို့ နယ်ဖြစ်တဲ့ နာဂစ်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ရေရှားပါးမှုနဲ့ ကြုံနေရပါတယ်. ပင်လယ်နားကလဲ နီး အဓိက စီးပွားရေးကလဲ ဆားလုပ်ငန်းပဲ လုပ်ကြတာပါ။ ရေဘယ်လောက်ရှားပါးသလဲ ဆိုရင် ရွာကြီးတစ်ရွာမှာတောင် ရေကန်သုံးလေးကန်ပဲ ရှိပါတယ် . အဓိက ကတော့ မိုးရေကိုပဲ အားပြုသုံးနေ ရတာပါ. လှောင်ထားပြီးတော့ပေါ့။ အခုလို နွေအပူပြင်းတဲ့ ရာသီရောက်ရင်တော့ ဒုက္ခတွေ ရောက်ကြပြီပေါ့။ ကန်တွေက ခမ်း။ လက်ယက်တွင်းလေးတွေတူး ။ မရရင် တစ်ရွာလုံး တစ်လလောက်ကိုစုပေါင်းပြီး ထပ်တူးကြရတာပါ။ အဲ့ဒါမှ မရရင်တော့ ကိုယ့်ရွာထက် နဲနဲရေပိုပေါတဲ့ လူနေလည်းနည်းတဲ့ ၇ွာတွေကို စက်လှေတွေ တစ်သီတတန်းကြီးနဲ့ ရေခပ်ထွက်ကြရတော့တာ။ တစ်ခါ တစ်ခါ အဲ့လို လာခပ်တဲ့ရွာတွေ စုံနေရင် ညအိပ်တောင် စောင့်ရပါတယ်. စောင့်ပြီးရင်လဲ ခပ်သူများတော့ ရေကလဲ အ၀ါရောင်လောက်ကို ရတာပါ။ ကိုယ့်အိမ်ရောက်မှ ကျောက်ချဉ်လေး ခပ်ပြီး သုံးပေါ့ဗျာ။ အဲ့ပြသနာကို သူတို့လဲ အတတ်နိုင်ဆုံးတော့ ဖြေရှင်းပါတယ် ရေကန်တွေ ထပ်တူးတာတို့။ ရေကန်အဟောင်းတွေကို နက်အောင် ထပ်တူးတာတို့ ဒါလဲမရပါဘူး။ ကန်ဘောင်ကြီးတွေသာ တစ်နှစ်ထက် တစ်နှစ်မြင့်လာတယ် အဆင်မပြေကြပါဘူးဗျာ။ ရေပေးဝေရေးစနစ် အရေးတကြီးလိုအပ်နေတဲ့ နေရာတွေပေါ့ဗျာ။ ကျနော်ကိုယ်တိုင်လဲ အဲလိုတွေ အကုန်လုပ်ခဲ့ရဖူးပါတယ်။ ဒီထက်ပိုသိချင်ရင်တော့ စစ်တမ်းကောက်ပြီး လူတွေ့ဆင်းလေ့လာရင် ရပါတယ်။
            အဲ့မှာ ကျနော်ပြောချင်တာက အဲလိုရေသွားခပ်ရတဲ့ အထဲမှာ ကျောင်းသားအရွယ်ကလေးသူငယ်တွေလဲ ပါပါတယ်. သူတို့ ကျောင်းပျက်တာပေါ့ဗျာ။ အဲတော့ အဲ့ဒေသက ကလေးတွေရဲ့ ပညာရေးထိခိုက်တာပေါ့။
     နောက်တစ်ချက်က လူကြီးတွေလဲ အလုပ်ပျက် အကိုင်ပျက်နဲ့ ဒီရေလေး ရဖို့အရေးကိုပဲ လုံးပန်းနေရတော့ တစ်နေ့လုပ်တစ်နေ့စားတွေဆို ဘယ်လိုလုပ်မလဲ ။ အဲတော့ အဲ့ဒေသက စီးပွားရေးကိုလဲ ရေက ဒုက္ခပေးနေပြန်ရော။
      နောက်ပြီး ရတဲ့ရေတွေကလဲ ကျန်းမာရေးနဲ့ မညီညွတ်ဖို့များတဲ့ ရေနောက်တွေပါ။ ကျောက်ချဉ်ထည့်သုံးတာ ဘယ်လို ဆိုးကျိုးရှိလဲဆိုတာကို ကျနော်တောင် အခုထိ မသိသေးဘူး။ နောက်ပြီး ရောဂါဘယတွေလဲ ထူပြောတာပေါ့ဗျာ။ သတ္တ၀ါတွေတောင် သေကြတာများတယ်။
         အဲတော့ ရေရရှိရေးဆိုတဲ့ အခြေခံစားဝတ်နေရေးလေး ကိုတောင် အသည်းအသန်လုပ်နေရတော့ ကျန်တာတွေ ဘယ်မှာလာ လုပ်ဖြစ်တော့မှာလဲဗျာ။ အဲ့တော့ အခု ကျနော်တင်ပြလိုက်ရတာက မြန်မာနိုင်ငံမှာ အဲ့လိုဖြစ်နေတဲ့နေရာတွေ အများကြီးရှိမှာပါ။ အဲတော့ တာဝန်သိသူများ တာဝန်ရှိသူများ ပညာရှင်များ အဆိုပါ ရေကိစ္စကို ရေရှည်စီမံကိန်းတွေ ရေတိုစီမံကိန်းတွေနဲ့ အလျင်အမြန်လုပ်ဆောင်သင့်နေပြီ ဆိုတဲ့ အကြောင်းတင်ပြလိုက်ရပါတယ်ဗျာ။
       တော်ပြီဗျာ။ ရေငပ်လာလို့ ရေသောက်လိုက်ဦးမယ် အင်တာနက်ဆိုင်က cooler လဲကရေအေးအေးလေးပေါ့။

ရှိန်ဝါ

No comments:

Post a Comment