ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Sunday, May 22, 2016

မအိုညနေ

ဖက်ကြမ်းစိမ်းစိမ်းကိုရှိုက်ဖွာလို့ အဖွားကပြောတယ်
တိမ်တိုင်းမှာ သရဲရှိတယ်တဲ့
မာမာတောင်တောင်ဒူးနှစ်လုံးကြားထဲ
ရစ်ရစ်သိုင်းသိုင်း အခိုးအငွေ့တွေနဲ့
နီနီစွေးစွေးနေလုံး
အိမ်တံစက်မြိတ်ခြောက်ခြောက်ရဲ့ ဟိုဖက်မှာက ချောင်းစိုစိုရဲ့ ဟိုဖက်မှာက ပျော့ပျော့အိအိ လတာပြင်ရဲ့ ဟိုဖက်မှာက
…………………………………………………..
ထိုအရာကိုခေါ်ဆိုရန် ဘာသာစကားမရှိသေး။

ရှိန်ဝါ
၂၀၁၆ ဖေဖော်ဝါရီ ၂၉

No comments:

Post a Comment