ဒရမ်သံကြမ်းတမ်းစွာဖြင့်
နွေလေရူးလာချေပြီ။
အသိုက်ဆီမှလွင့်ကျလာသော
ငှက်ကလေး
လေတွင်လူးလွင့်
ပန်းထုပ်ဖူးသော ကျွပ်ကျွပ်အိတ်ငယ်
နွေလေရူးစီမံရာ
တည့်တည့်ကြီးစွပ်မိကြချေပြီ။
ကမ္ဘာကြီးအား
အမှိုက်ကတဆင့်သာ ရှုမြင်နိုင်ကြသည်။
မွှေးပျံ့ကြိုင်လှိုင်သော
ကျွပ်ကျွပ်အိတ်ဥယျာဉ်။
နေရောင်ခြည်သက်တန့်ဖြာသော
ကျွပ်ကျွပ်အိတ်ကမ္ဘာ။
ကျွပ်ကျွပ်အိတ်မိုးကုပ်စက်ဝိုင်း၌
တွဲလွဲခိုနေသော ရေစက်လေးများ။
တယောသံညှင်းနွဲ့၌
ရေစက်ကို ငှက်ကလေးထိုးအဆိတ်
ကျွပ်ကျွပ်အိတ်ငယ်သည်ကား
ရာထူးပြန်လျောပြန်လေသည်။
စစ်ချီတေးစလေပြီတကား။
အောင်မြင်မှုဟူသည်
ကြောက်လန့်စရာဟင်းလင်းပြင်သာ ဖြစ်ချေ၏။
ကမ္ဘာကြီးတွင်
ရွှေရောင်ဝင်းသောရေအိုင်ဒွိစုံသာ ရှိလေသည်။
သွပ်နန်းကြိုးဖြင့်တုပ်နှောင်နိုင်လျှင်
အရာရာသည် တောက်ပပြီဖြစ်သည်။
မြင်နေရသမျှကာလပတ်လုံး
အမြင်တွင် အကျိုး/အကန်းမရှိပါ။
ဇာတ်သိမ်းတေးသံသည်ကား
ငှက်သံများစွာကြားရခြင်းပင်။
မျက်မှန်အကျိုးကို
ရေအိုင်ဟုထင်မှတ်မိသောငှက်ကလေး
နှောင်တချိန်
ထိုအကြောင်းကို
တခြားမည်သည့်ငှက်အား
ကျီကျီကျာကျာ ပြန်လုပ်ပါမည်နည်း။ ။
ရှိန်ဝါ
24
March 2016
6:54 PM
No comments:
Post a Comment