ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, January 18, 2016

ငါ့ကဗျာစာအုပ် (ချိုမိုင်မိုင်ရှာတော်ပုံထွက်သွားသော)

(၁)
ရေပိုက်ခေါင်းကိုဖွင့်လိုက်တော့ တံထွေးတွေထွက်ကျလာတယ်
လင်းနို့လူသားရဲ့အောင်မြင်မှုဟာ
တမြို့လုံးကို ဇောက်ထိုးအနေအထားနဲ့ သေးကော့ပန်းနိုင်တာ
သူကိုယ်တိုင်ရေငတ်ပြေတာကတော့ အပိုဆု။

(၂)
အလကားပေးတာတောင် ယူသူမရှိတဲ့ အေ့စ်ရောဂါသည်ရဲ့ လိင်အလှူ
မွေးနေ့လက်ဆောင်ရထားတဲ့ မွှေးပွရုပ်ကြီးကို တက်ညှောင့်ပစ်လိုက်တယ်
အမွှေးတွေဟာ စေးကပ်ပျစ်ခဲ စားပွဲပေါ်က ဝက်စွပ်ပြုတ်အမြည်း
စားပွဲအောက်မှာတော့ လူမသိသူမသိ ကပ်သုတ်ခံလိုက်ရတဲ့ နှပ်ချီးဖက်တွေ။

(၃)
အိန္ဒိယမှာ ချီးပုံတွေကို ခုန်ပျံကျော်လွှား ဘုရားဖူးသွားကြရင်း
ကလေးထွက်ကျသွားတဲ့ ဗိုက်ကြီးသည်အဟောင်းအကြောင်းကို
ဘယ်ဖင်ကမှ ပွစိပွစိမလုပ်ကြ
ပါးစပ်ကြီးဟပြီး အစွမ်းကုန်ပုပ်နံပြလည်း
သွားကြားထဲက လောက်ရတနာသိုက်ကို
ဘယ်စောက်စိကမှ မတွေ့ကြ
လူတိုင်းဟာ ရင်ဘတ်ကြီးနဲ့ရင်းပြီး သလိပ်တွေ ခပ်ထုတ်ခဲ့တာ။

(၄)
အမျိုးကောင်းသူတို့ တခွန်းဆဲတိုင်း
ကောင်းကင်မှာ ကြယ်တလုံးပွင့်တယ်
လှောင်ချိုင့်ဆိုင်ကြီး မီးလောင်သွားကတည်းက
ကြယ်တွေမှာ အပေါင်းအသင်းများကုန်တာ
ခက်နေတာက အနီးအနားမှာ အမှိုက်ပုံးမရှိခြင်းပဲ။

(၅)
စာအုပ်တွေနဲ့ ခြေတဖက်နိမ့်နေတဲ့ လင်ပစ်မအိမ်အို
အဖဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာဗုံးတော်မဟာ
ဤအိမ်တည့်တည့်သို့ကျရောက်စေသောဝ်
တရွက်ချင်းစီမီးရှို့ပြီး ပြာတွေမြစ်ထဲမျောလိုက်တော့
မကျွတ်မလွတ်စွန့်ပစ်ပစ္စည်းတွေဟာ မပုပ်လည်းပေါ်လောမျောခဲ့တယ်။

(၆)
လက်ညှိုးထိုးပေးဖော်ရရှာတဲ့ လိင်တံတွေကို ဖြတ်
ရွှေချပြီး ဆင်မြန်းလို့ ကျောက်ခေတ်ကိုပြန်သွားခဲ့တယ်။
ဘယ်လောက်ကုန်းစုပ်စုပ်
ချိုမိုင်မိုင်ဟာ ဘယ်ချိုလိမ်ထဲမှာမှ ရှိမနေခဲ့ဘူး။

ရှိန်ဝါ

(၂၀၁၆ နိုဘယ်မြန်မာစာပေပွဲတော်ရက်များ)

No comments:

Post a Comment