ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, January 18, 2016

လူတဖက်စာသစ်ပင်ကြီး

ကို အဖိုးကြီးက ဓါတ်ဆီလောင်း မီးရှို့တယ်
ကြီးကောင်ကြီးမား လတ်လတ်ဆတ်တတ်ကြီးဆိုတော့ ခက်တယ်
ပြာမှုန်လိုလို သစ်ရွက်လိုလိုတွေ ကြွေကျလာပြီ
အလှူပွဲမှာ ပိုက်ဆံတွေကြဲသလိုမျိုး
သူ့ဆံပင်ဖြူဖြူတွေပေါ်ကျတယ်
တလုံးတည်းကျန်တဲ့သူ့မျက်လုံးနဲ့
အဝေးကိုငေးငေးကြည့်တယ်
ပါးစပ်ကလည်း ဆောရီးဆိုတာကို ဂါထာရွတ်သလို ရွတ်နေသေး
တောင်းပန်နေတဲ့ပုံလည်း မပေါ်ဘူး
စိတ်ပေါက်လာရင် သစ်ပင်ကို အစိမ်းလိုက်ကိုက်တယ်
သူ့သွားကြားထဲမှာ သစ်ချပိုးတွေ တဖွားဖွား
သစ်သားလမ်းလျောက်တုတ်ကိုတော့ ပခုံးပေါ်မှာ ချိတ်ထားတယ်
ငါ့ကို လှည့်ကြည့်ပြီး လှမ်းပြောတယ်
ဘာကြည့်နေတာလဲ လာကူဦးလေ
သစ်ဟင်းဆိုတာ ဘယ်တော့မှမကုန်ဘူးကွ။

ရှိန်ဝါ

No comments:

Post a Comment