ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, January 18, 2016

အဆိပ်တွေ

ငါ ဆေးချတာ ငါ့ကိုယ်ငါ မေ့ချင်လို့
အမေသိသွားတော့ ငါ့ကို ရိုက်တယ်
သူ့သားကိုရိုက်မိလို့ဆိုပြီး အမေငိုတယ်
သူ့ကိုယ်သူ ပြန်ရိုက်တယ်
ငါ့အမေကိုရိုက်ရကောင်းလားဆိုပြီး
သူ့ကို ငါရိုက်တယ်
အမေ့ကိုရိုက်မိပြန်တော့ ငါ ငိုမိရော
ငါ့ကိုယ်ငါ ပြန်ရိုက်ဆုံးမတယ်
သူ့သားကိုရိုက်ရကောင်းလားဆိုပြီး
အမေက ငါ့ကိုရိုက်ပြန်တယ်
အမေက အသက်ကြီးလို့ မေ့တတ်နေပြီ
ငါကတော့ အခုမှ ဆေးသားပိုတက်နေတုန်း။

ရှိန်ဝါ

No comments:

Post a Comment