ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, January 18, 2016

တွေ

စာသင်ခန်းထဲမှာ ကြိုးဆွဲချသွားတဲ့ ကျောင်းသူအလောင်း
သူ့စကတ်အောက်မှာ မေးခွန်းတွေအများကြီး
အခန်းထဲဝင်ခါနီးတိုင်း သူ့ကို လျှာပြန်ထုတ်ပြရတာ ပျော်စရာ
ပြီးရင်တော့ နှာခေါင်းစီးကိုယ်စီနဲ့ ပါးစပ်ပိတ်ပဲ
ဆရာက သကြားလုံးတွေဝေတယ်
ဂဏန်းတလုံးကိုပဲ အခေါက်ခေါက်အခါခါရေးပြတယ် ကျောက်သင်ပုန်းအပြည့်
ကြာပြီဆိုတော့လည်း
အဲဒိကျောင်းသူနာမည် ငါတို့မမှတ်မိတော့ဘူး။

ရှိန်ဝါ
၂၀၁၅ ၁/၁၃

No comments:

Post a Comment