ငါ
အမြဲဆာနေတယ်။
အမြဲ
လိင်ဆက်ဆံချင်တယ်။
ဒါက
အချက်တချက်
မင်း
အဲ့ဒါကို
သဘောပေါက်ရင်
မြေပဲထောပတ်
အသစ်စက်စက်
ဟာ
ဘာမှ သုံးစားမရဘူး။
ပြီးတော့
ခါတိုင်းလိုပဲ
မင်းသိတဲ့
အကြီးဆုံး
စူပါမားကတ်ကနေ
အဲဒီ
ထောပတ်ကို မတ်ခွက်ကြီးနဲ့ဝယ်။
ပြီးတော့
မင်းသိတဲ့
အတိုင်းပဲ
ငါက
ပြောင်းလဲမှုကို ဆန့်ကျင်သူ။
ငါ
လက်ခံထားက အသစ်
ဆိုတာ
တကယ်တမ်းမှာတော့
ပြန်ပြန်ပြီး
ထုတ်ထုတ်နေတဲ့
အဟောင်းတွေပါပဲ။
ရေကူးခြင်း
စိတ်ပါ
ကိုယ်ပါ ညစ်ပတ်နေခြင်းရဲ့ စိတ်လှုပ်ရှားမှု။
နွေရာသီဆိုတာ
ဘာမှလုပ်စရာ မရှိ
တဲ့
အချိန်
ဝင်ငွေလည်းမရ
ဆုတောင်းစာဟာ
နောက်ဆုံး အပန်းဖြေရိပ်သာ
ပျော်ရွှင်မှုဆိုတာ
နည်းလမ်း
ပြီးတော့
နည်းလမ်းဆိုတာ အမြင်မှာ
အဆုံးအစမရှိပြန်ဘူး
ငါက
ပန်းတိုင်တွေမျိုးစုံကို
လုံးဝ
ဆန့်ကျင်တယ်
ငါ
ဘယ်ရောက်နေတာလဲ
ဆိုတာတောင်
သိချင်စိတ်မရှိဘူး။
ရေနွေးဆူရင်
လက်ဖက်ရည်တခွက်ရမယ်။
မတော်တဆ
ပရောက်စ်ရဲ့ ကဗျာတွေ
အားလုံးကို
ဖတ်တယ်။
ငါ
အဲဒီနေရာမှာရှိတုန်းက နွေရာသီပဲ။
သူလည်း
အဲလိုပေါ့။
ငါစာရေးတယ် ဘာဖြစ်လို့လဲ
ဆိုတော့
ငါသေပြီးရင်တောင်
ငါ့ကို အသုံးပြုစေချင်လို့။
ငါရဲ့
ခန္ဓာကိုယ်
တင်မက၊
ငါ အသက်ရှင်စဉ်က ထားခဲ့တဲ့
အတွေးတွေ
အားလုံး
မြေသြဇာ
ဖြစ်လိမ့်မယ်။
ငါ
အသက်ရှင်နေတုန်းက
ငါဟာ
စိမ်းညှို့မျက်လုံး
နဲ့
အမျိုးသမီး
တယောက်။
ပြတင်းပေါက်
အပြင်မှာ လက်နက်သိုလှောင်ခန်း။ မင်းခန္ဓာကိုယ်
အစိတ်အပိုင်းတွေဟာ
ငါ့အချစ်
တွေတိုးဖို့
သင်ကြားခဲ့တဲ့
အစင်းကြောင်းတွေထင်ရဲ့။
ငါတို့
ရေကန်တွေထဲမှာ ကိုယ်လုံးတီး
ရေကူးကြတယ်
မင်းနောက်ကွယ်မှာ
ငါစာရေးတယ်။ မင်းအကြောင်း
ငါ့အတွေးတွေဟာ
ဘယ်တော့မှ
ပျောက်ပျက်မှာ
မဟုတ်ဘူး
ဒါပေမယ့်
ဒါတွေဟာ အရမ်းအရေးကြီးတယ်
ဘာကြောင့်လဲဆိုတော့
အသုံးမဝင်လို့ပဲ
မင်းကို
ရဖို့ မရည်ရွယ်ခဲ့ဘူး
မင်းကို
ငါချစ်တယ်။ မင်းကလည်း ငါ့ကို
ချစ်တာကြောင့်
ကစားကွင်းတခုနဲ့
ပိုတူတယ်။
ငါရယ်
မင်းပြန်မလာမချင်း မင်းရဲ့ပုံရိပ်တွေရယ် ကစား
တဲ့နေရာပေါ့
မင်းပြန်လာရင်တော့
ငါ မင်းကို ကိုက်မှာပဲ။
မင်းနဲ့ဆိုရင်
ဘယ်လို
အနား
ယူရမလဲ
ငါသိတယ်
ဒါကြောင့်လည်း
ငါ မင်းနောက်ကျောမှာ
အလုပ်လုပ်တာပေါ့
အဲဒါ
ချစ်ဖို့ကောင်းတယ်
သဘာဝဆိုတာ
ထိန်းချုပ်လို့ မရဘူးလို့ မင်းငါ့ကို ပြောတယ်
ဒါကြောင့်လည်း
သဘာဝက
အဲဒီလောက်
အရမ်းကောင်းနေတာကိုး
ဆံပင်ဖြူအသစ်တွေရဲ့
အလဲထိုးခြင်းကို ခံလိုက်ရတဲ့ မင်းကို
အသည်းအသန်
ချစ်မိနေတာ။
အကောင်းဆုံးလို့
ငါအမြဲသိခဲ့တာအရာ အဲ့မှာ ဘာလို့ မရှိရမှာလဲ
ငါမင်းကို
ကလေးဘဝကတည်းကချစ်တာ
အဲဒီကနေ
ပြန်စကြည့်တော့ တနေ့နေ့ဆိုတာ အခြားနေ့တွေလိုပါပဲ
ကြုံရာကျပန်း
အရွယ်ရောက်မှု နဲ့ လေညှင်းတွေ
တည်မြဲတဲ့
အချစ်
နေ့လယ်ခင်း
ဆန်းဝှစ်ခ်ျ။
နေ
ရဲ့
ကျယ်ပြန်တဲ့ လမ်းကြောင်းသစ်ထဲမှာ ခြေလှမ်းလေးတလှမ်း
ငါ
စူးစူးစိုက်စိုက်
ကြည့်တယ်
ငါ
မျက်တောင်
ခတ်တယ်
ငါ
တက်
စီးလိုက်တယ်။
အီလင်းမိုင်းစ်ကို
မက်ဆာချုးဆက်မှာ မွေးတယ်။ အခု ၂၀၁၅ဆိုရင် အသက် ၆၄ နှစ်ရှိပြီ။ ငယ်ငယ်က ကက်သလစ်ကျောင်းမှာ
တက်ခဲ့တယ်။ ဘီအေဘွဲ့ကိုတော့ ဘော်စတွန်မှာရှိတဲ့ မက်ဆာချုးဆက်တက္ကသိုလ်က ရတယ်။ ၂၅ နှစ်သမီးမှာ
နယူးယောက်ရဲ့ Poetry Project မှာပါနေပြီ။ အဲဒီမှာ တက်ဘယ်ရီဂန်အပါအဝင် နာမည်ကြီးကဗျာဆရာတွေဆီမှာ
တပည့်ခံတယ်။ နောက်ပိုင်း ကဗျာဆရာ ဂျိမ်းစ်စခူလာရဲ့ လက်ထောက်အနေနဲ့ အလုပ်လုပ်တယ်။ ၁၉၉၁
မှာ ပထမဆုံး ကဗျာစာအုပ် Not Me ကိုထုတ်တယ်။ အဲဒီနှစ်မှာပဲ အမေရိကန်သမ္မတအတွက်
write-in campaign ကိုလည်း စတင်ခဲ့တယ်။ ဝတ္ထုရှည်နှစ်ပုဒ်လည်း ရေးပြီးပြီ။ ဆုလည်းရတယ်။
ပြဇာတ်တွေ၊ အက်ဆေးတွေလည်း ရေးတယ်။ အကြောင်းအရာမျိုးစုံကို ရေးဖွဲ့နိုင်သူ။
ကဗျာဆရာ
ဒင်းနစ်ကူးပါးပြောတာကတော့ “အီလင်းဟာ ကွမ်တမ်ပရာရီစာပေမှာ ဖြတ်ထိုးဥာဏ်အကောင်းဆုံးနဲ့
ဆင်ခြင်ခြင်းမရှိဆုံး ပညာတတ်တွေထဲက တဦးပဲ” တဲ့။ ကိုယ်တိုင်ကလည်း လိင်တူချစ်သူဖြစ်တာကြောင့်
The New Fuck You/adventures in lesbian reading စုပေါင်းစာအုပ်ကိုလည်း အယ်ဒီတာလုပ်ခဲ့တယ်။ အခု နျူးယော့ခ်၊ ကိုလံဘီယာ၊ ကော်လိုရာဒို
တက္ကသိုလ်တွေမှာ ပါမောက္ခအနေနဲ့ စာသင်ပေးနေတယ်။ နေတာကတော့ နျူးယော့ခ်မှာ။
(အခု “မြေပဲထောပတ်” ကဗျာဟာ ဘာသာပြန်သူအတွက် ဘာသာပြန်ဖို့
အလွန်ခက်ခဲတဲ့ကဗျာပဲ။ Free Verse လို့တော့ အကြမ်းဖျင်းပြောကြတယ်။ နောက်ပိုင်း ပို့စ်ကဗျာသမားတွေ
လုပ်သလို ဝါကျဖွဲ့ထုံးတွေ သဒ္ဒါတွေကို လုံးဝဂရုမစိုက်ဘဲ ဖြတ်ချင်တဲ့နေရာမှာ ဖြတ်၊ ရပ်ချင်တဲ့နေရာမှာ
ရပ်။ ဝါကျတကြောင်းတည်းကိုပဲ ဘာအနက်မှ ထပ်မံမမျှော်လင့်ဘဲ ကဗျာလို ဖြတ်တောက်စီရင်ထားတယ်။
စကားပြေလို ချစီလိုက်ရင်တောင် ရမယ်ထင်ရရဲ့။ ဒါပေမယ့် တချို့စာကြောင်းတွေကျတော့လည်း
ဝါကျ အတိုအစတွေ။ ဘယ်ဝါကျနဲ့ သွားကပ်ရမယ်မှန်းမသိ။ ပြီး စကားလုံးတလုံးတည်းကိုပဲ ခွဲချင်ရင်လည်း
ခွဲထားလိုက်ပြန်ရော။ ဒါတွေကပဲ အီလင်းစ်ကို ကမ္ဘာကျော်စေတဲ့ ရေးဖွဲ့ပုံ ဖြစ်လာတယ်လို့
ထင်တယ်။ သူ့ကဗျာအများစုက ဒီလို စီပုံတွေချည်းပဲ။ တွေ့ကြုံခံစားရပုံတွေနဲ့ အတွေးတွေကို
လက်ခံချင်လာအောင် သိမ်းသွင်းနိုင်တဲ့ ကဗျာတွေလို့ ပြောကြတယ်။ ဘာသာပြန်သူအနေနဲ့ တတ်စွမ်းသလောက်
သူ့လို လိုင်းစီပုံ အရသာပေါ်အောင် ကြိုးစားထားပါတယ်။)
ရှိန်ဝါ
No comments:
Post a Comment