ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Saturday, November 14, 2015

တအုံ့တနွေးတဆွေး

ရှေ့တွင်ရှိနေသော ဂျိုးဖြူအား နောက်ရောက်လာသောဂျိုးဖြူက ထိုးဆိတ်လိုက်သည်။ ကျွန်ုပ်တို့ ယခုမြင်နေရသော တစ်ကောင်တည်းသောဂျိုးဖြူသည်ကား ဂျိုးကြီးပင်လား ဂျိုးငယ်ပင်လား မည်သူမျှမသိရချေ။ ကယောင်ကတမ်းဖြင့် သံလွင်ခက်ကိုယူ၍ အဓိကအရှက်အား ဖုံးအုပ်ထားရသည်။ စာရွက်များထိုင်ဖြဲနေသော ကလေးငယ်အား အဓမ္မစာသင်ကြားရန် မကြိုးစားသင့်ပေ။ မြစ်များသည် မြေပုံထဲတွင် ကခုန်၍ စားပွဲပေါ်တွင် ငိုယိုနေတတ်၏။ သမ္မတကြီးနှစ်ဦးသည် တံခါးပိတ်ဆွေးနွေးခြင်းဖြင့် နှုတ်ခမ်းချင်းစုပ်နေကြလေသည်။ အပြင်ဖက်နေပူထဲတွင်ကား ဓါတ်ပုံရိုက်ဖို့စောင့်နေကြသူများစွာရှိလေသည်။ အမျိုးသားတစ်ယောက်သည် ပဋိသန္ဓေတားဆေးများစွာသောက်၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားလေသည်။


ရှိန်ဝါ
၂၀၁၅ စက်တင်ဘာလ သုံးရက်နေ့

No comments:

Post a Comment