ကလေးတွေကို
ကျောင်းကြိုပြီးအပြန်
လမ်းဘေးခွေးတကောင်ရဲ့ပါးစပ်ကို
မြောင်းထဲကကွန်ဒုံးအဟောင်း
စွပ်ပေးလိုက်တယ်။
ခွေးဟာ ခြံရှေ့ကအိမ်နံပါတ်ကို
ခေါင်းနဲ့
အကြိမ်ကြိမ်ခုန်ဆောင့်တော့တာပဲ။
တခေါင်းလုံး
သွေးချင်းချင်းရဲတဲ့အထိ
သူ မရပ်သေးဘူး။
ငါကိုယ်တိုင်ကျ
တံခါးအားလုံးကို ပိတ်ပြီး
တံခါးဘောင်တွေကို
ကိုက်ဝါးပစ်ရတယ်။
တယ်လီဖုန်းဆင်းကဒ်တွေကို
လျှာနဲ့လျက်ရတာ
အကြောပေါင်းတစ်ထောင်စိမ့်တဲ့
အရသာ။
အဖေဟာ ဂိမ်းခလုတ်အဟောင်းတွေကိုမြင်တိုင်း
ပုတီးကြိုးကိုဆွဲဖြတ်
ကြမ်းပြင်ပေါ်လူးလိမ့်တယ်။
ငါကတော့ ကလေးတွေ စာကျက်သံကြားတိုင်း
ငိုတယ်။
အမေ ဘုရားရှိခိုးတဲ့အသံကြားရရင်တော့
ငါ့ခေါင်းကို
မီးဖိုပေါ်တင်ပြီ။
ဆံပင်တွေ
လောင်ကျွမ်းတဲ့ အသံဟာ
မိန်းမ တီဗီချန်နယ်တွေကို
ပြောင်းတဲ့အသံနဲ့ ရောထွေးနေကျ။
ရှိန်ဝါ
၂၀၁၅ စက်တင်ဘာ ၁၂
No comments:
Post a Comment