ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Monday, September 28, 2015

အိပ်မက်လို့ပြောရင် ဘယ်သူမှ မငြီးငွေ့ကြဘူး။

ငါ့အိမ်မှာ ရေကူးကန်ရှိမယ်။
ဝတ်ကောင်းစားလှတွေ ငါဝတ်မယ်။
ရေကူးကန်နား သွားပြီးချွတ်မယ်။
တထည်ချွတ်ပြီးတိုင်း တထည် ရေထဲကိုပစ်ချမယ်။
ပြီးရင် ရေထဲကအဝတ်အစားတွေနဲ့ ငါနဲ့
ပြောချင်ရာလျောက်ပြောမယ်
ဆဲချင်လည်း ဆဲမယ်။

ငါ့အိမ်မှာ ရုပ်ရှင်ရုံလည်းရှိမယ်။
တနေကုန် တစ်ကားပြီးတစ်ကား ဖွင့်ထားမယ်။
ဘုရားပါတဲ့ကားတွေချည်းပဲ ဖွင့်မယ်။
ပြီးရင် အဲဒီရုပ်ရှင်တွေထဲက ဘုရားမျိုးစုံကို
အစားအစာမျိုးစုံ ငါလှူမယ်။
အဲဒီအစားအစာတွေကို ဓါတ်ပုံရှိုက်မယ်။
ရလာတဲ့ဓါတ်ပုံတွေကို တအိမ်လုံးမှာ ဖြန့်ကျဲထားမယ်။

ကျန်တဲ့အချိန်တွေမှာ ငါ အန်ချည်းပဲနေမယ်။
ငါ့အန်ဖတ်တွေဟာလည်း မှန်ချပ်တွေချည်းပဲ ဖြစ်နေလိမ့်မယ်။


၂၀၁၅ သြဂုတ်လ ၂၁ ရက်နေ့။

No comments:

Post a Comment