ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Wednesday, May 6, 2015

အင်္ဂါလို့ ခေါ်ကြတဲ့နေ့က မသေအောင် တစ်ယောက်တည်း စကားပြော

ခလုပ်ပိတ်လိုက်ရင် ပန်ကာဟာ နောက်ပြန်ပြန်လည်မှာ။
အမေ ငါ့ကို မွေးကတည်း
က ငါ့အသက်ကသုံးဆယ်။
ပင်လယ်ကြီးထဲ တကိုယ်
တည်းဖောင်ငယ်လေးထိပ်က အဝတ်ဖြူလေး တဖျပ်
ဖျပ်။
လဲနေသူရေသန့်ဗူးအား ထူပေးပါ။ အမှိုက်
ပုံးထဲရောက်နေလည်း ရေသန့်ဗူးက ရေသန့်ဗူးပဲ။
ည၊ ည ကားသံတွေ တဂျုန်း
ဂျန်းနှိုးတိုင်းလည်း ငါတို့က ထထလိင်ဆက်ဆံလို့မဖြစ်။
သစ်ခွပန်းလေးတွေ ညှိုး
သွားရင် သစ်
ခွပန်းလေးတွေကိုပဲ
အပြစ်တင်တတ်ဖို့ ငါတို့ အများကြီးလေ့
ကျင့်ရဦးမယ်။ အရွတ်ဆို
တာ စားမြိန်ဖွယ်ရာ ငါ့နာမည် ငါပြန်ကြားရတဲ့ အရသာ။
လေးနက်မှုကို ပေါ့
ပါးသွားစေဖို့ အုတ်ဂူပေါ်တက် မတ်တပ်ရပ်လိုက်တယ်။ စိတ်
မြင်ကွင်း
ကိုပိတ်နေရင် ဒီပန်းချီကားကို လုံးချေပစ်လိုက်။
အမှိုက်အဖြစ် ထု
ထည်ကြွလာတော့လည်း ငါ့မှာ နှမြောရ။
ရန်စနှစ်စကို ရေထဲချ ရှော့ခ်ရိုက်ကြည့်လိုက်တော့ စကားလုံးဗိုက်သားဖွေးဖွေးတွေ
ဘွားကနဲ ပေါ်လာတဲ့ ရေမျက်နှာပြင်။
အရှိန်ပြင်းပြင်းမောင်းနေတဲ့ ပါ
တီထဲ ငါဟာ လမ်းလယ်ကျွန်းလို ငုတ်တုပ်။
မြွေကိုက်ပြီဟေ့
လို့ စကပ်တိုလေးကို လှမ်းအော်ပြောလိုက်တယ်။
မျက်လုံးရှေ့ ဖြတ်ပြေးသွားတဲ့ အတိတ်ဓါတ်
ပုံများ
ထောင်
သောင်း
သိန်း
သန်း။

ရှိန်ဝါ
၅။၅။၂၀၁၅

No comments:

Post a Comment