ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Wednesday, May 6, 2015

ပန်ကာများတွင် သွေးပြန်ကြောများမရှိကြောင်း ဘောလုံးအား အပြင်းဆုံးငုံပြနိုင်သည်။

အရောင်မဲ့ အစိမ်းရောင်စိတ်ကူးများ ဒေါသတကြီး အိပ်စက်နေကြသည်။
 (Noam Chomsky, Syntactic Structures, 1957)

မိန်းမရဲ့ အောက်ခံဘောင်းဘီကို ယူဝတ်လိုက်တယ် ပန်းပွင့်ပုံ။
ပြီးမှ တဖက်ခန်းက လေတိုးသံကို ချောင်းပြီး ဓါတ်ပုံရိုက်တယ်။
အိမ်သာနံရံက စာအတိုင်း အလွတ်မရတဲ့ ဖုန်းနံပါတ်တခုကို ရေရွတ်တယ်။

အိပ်မက်ထဲမှာ ပျင်းဖို့ ကောင်းလွန်းလို့ အမောခံပြီး အိပ်ရာနိုး
လိုက်တယ်။ လျှာဟာ အပြင်ထွက်ထွက်လည်ပြီး
အထဲပြန်ဝင်လို့ရအောင် အရသာရှာရင်း ရှုပ်နေတယ်။
ကြည့်မှန်ထဲကို အကြည့်

တချက်ပြူပြီး လမ်းကို လှမ်းဆဲလိုက်တယ်။ မသယ်နိုင်တော့ဘူး
မသယ်နိုင်တော့ဘူး ဆိုပြီး အရူးဟာ လမ်းတလျောက်လုံး လေးနက်
သွားလေရဲ့။ အဘိဓါန်ကို ကိုယ်လုံးတီးချွတ်ပြီးတဲ့နောက်။
ကြောက်လွန်းလို့ လျောင်း/ထိုင်ကို ရပ်/သွားပြောင်းရတယ်။
မျက်လုံးထဲက အနာကို ခဏခဏ ပြန်ပြန်စိုက်ကြည့်ရတယ်။

မယ့်ကိုယ်စား ဘယ်နှင်းဆီမှ ဆိုလိုရင်း မမွှေးမြခဲ့ဘူး။
သံဇကာဆိုတာ ပျော်စရာအကွက်တွေ ရွှေ့ပစ်ဖို့။ ခြုံနွယ်တွေဟာ
အဲဒီမိုးကုပ်စက်ဝိုင်းပေါ်တက်ပြီးရင် ပတ်လိမ်ခွေခေါက်လို့။ ငါးမရလို့
ငါးမျှားချိတ်ကို သွားကြားထိုးတံအဖြစ် အသုံးချလိုက်တယ်။ ငါးတွေဟာ
ငှက်တွေလို ကျလိကျလိ ကွိကျိကွကျ မတတ်ကြဘူး။
ခုန်ထွက်ပစ်လိုက်ဖို့။

ရှိန်ဝါ  
4 April 2015; 12:00 AM

No comments:

Post a Comment