ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။

Tuesday, June 21, 2016

ကဗျာတို (၅) ပုဒ်

Missed Call
========
ငါတို့ခိုးပြေးကြမယ့်နေ့တုန်းက
ချိန်းနေကျဆိုင်ဆီ သူရောက်မလာခဲ့ဘူး
ငါလည်း ညစ်ညစ်နဲ့ ငရုတ်ဆီဗူးကိုညှစ်
ပြီး စားပွဲပေါ် သူ့နာမည်ရေးခဲ့တယ်
နောက်ကျသွားတဲ့ ငါ့ချစ်သူ
ငရုတ်ဆီကို သွေးလို့ထင်မှတ်ပြီး
သူ့ကိုယ်သူ သတ်သေခဲ့တဲ့အကြောင်း
ငါ့မြေးတွေကို ငါပြန်ပြောပြတော့
သူတို့ ငါ့ကို ဟားတိုက်လိုက်ကြတာဆိုတာလေ။
ဗုံး
===
ရေအိုးထဲ ခေါင်းစိုက်ပြီး
ဘုရားရေလို့ အော်ခဲ့တယ်
ပဲ့တင်သံဟာ ငါ့ခေါင်းရိုးတံဆီပြန်ပွင့်တယ်
လျှာထုတ်ပြလိုက်တယ်
ဘုရားမတာပဲ
လျှာလေးအေးသွားတယ်
ခေါင်းကိုပြန်မော့ကြည့်တော့မှ
ယမ်းငွေ့တွေမြင်ရတော့တယ်။
အသင့်သုံးဒုလ္လဘ
===========
လင်းနို့သားငါးရာ လူအဖြစ်ကိုရရှိ
ပလက်ဖောင်းအမှောင်ဘေး ဖာသည်မလေးတွေ။
Monsters
=======
ခေါက်ဆွဲကို သွားနဲ့ကိုက် ဖြတ်လိုက်မလား
ပြီးအောင် ဆက်စုပ်စားမလား
ငြင်းခုံရန်ဖြစ်ပြီး ငါတို့လမ်းခွဲခဲ့တဲ့အကြောင်း။
ပုံ
==
အထက်အမိန့်အရ ဝဲနေတဲ့လေယာဉ်တွေ
နည်းပညာအရ ငါတို့ကိုတွေ့သွားပြီ
တာဝန်အရ ငါတို့ကို ဗုံးကြဲပြီ
သီအိုရီအရ ငါတို့သေပြီ
သီအိုရီအရ လူသေကောင်ဖြစ်သွားတဲ့ ငါတို့
အားပါးတရ အော်ဟစ်ရယ်မောလိုက်ကြတယ်
ယမ်းမှုန့်ဖြူး ပေါင်မုန့်တွေကို စားကြရင်း။
ရှိန်ဝါ

No comments:

Post a Comment