နေထွက်ရာအရပ်ကို ဘေးတစောင်းကြည့်၍
လက်နှစ်ဖက်ကို ဆန့်တန်းပါ။
(ခြေထောက်မရွေ့ရ)
လွမ်းတေးကြို ၊ ရင်ခွင်လေးထောင့်
စပ်ဖြဲဖြဲကြီးဖြစ်သည်။
အတန်းထဲ ၊ ကိုယ်နဲ့နာမည်တူတဲ့ကောင်က
အရပ်ပုနေတော့
မဆီမဆိုင် ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့
ကြယ်မှိန်။
ဟင်းသီးဟင်းရွက်လေးတွေ
လှုပ်တာကြည့်ပြီး
ခိုးခိုးခစ်ခစ်လုပ်နေတတ်သူ
မြီးကောင်ပေါက်ရထားလမ်းအိုလေး။
မျက်နှာလှလှလေးတွေကို
မျက်နှာဖုံးတွေက သိမ်းပိုက်သွားတယ်။
မျက်ခုံးကောင်းကောင်းတွေနဲ့
ကာရံထားတော့
မျက်လုံးရဲ့ စိုစွတ်မှုနဲ့
ဝေးကွာခဲ့ရတယ်။
ကိုယ့်သမိုင်း ကိုယ်ရေးခဲ့ပြီး
ကိုယ့်နာမည် ကိုယ်မေ့ခဲ့တယ်။
ဘုရားဘွဲ့မေ့တယ်။ လူကိုပဲ
ကိုးကွယ်တယ်။
ထီးသွားနန်းလာ ရှင်ဘုရင်တို့။
ဇာတိပုည၊ ဂုဏ်မာနဆိုတာ
အဆာပြေစားစရာတစ်ခုပဲ။
ရှိန်ဝါ
22 January 2015
No comments:
Post a Comment