ရှိန်ဝါ

ကျွန်တော် ဒီ blog လေးကို ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ -----
ရှင်းပါတယ်။ ကျနော့်စာတွေ လူများများဖတ်စေချင်လို့။ တစ်နေရာတည်းမှာ စုစည်းထားချင်လို့။ တစ်ချို့သော မဂ္ဂဇင်းတွေကို စာမူမပို့ချင်လို့။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, May 6, 2015

အင်္ဂါလို့ ခေါ်ကြတဲ့နေ့က မသေအောင် တစ်ယောက်တည်း စကားပြော

ခလုပ်ပိတ်လိုက်ရင် ပန်ကာဟာ နောက်ပြန်ပြန်လည်မှာ။
အမေ ငါ့ကို မွေးကတည်း
က ငါ့အသက်ကသုံးဆယ်။
ပင်လယ်ကြီးထဲ တကိုယ်
တည်းဖောင်ငယ်လေးထိပ်က အဝတ်ဖြူလေး တဖျပ်
ဖျပ်။
လဲနေသူရေသန့်ဗူးအား ထူပေးပါ။ အမှိုက်
ပုံးထဲရောက်နေလည်း ရေသန့်ဗူးက ရေသန့်ဗူးပဲ။
ည၊ ည ကားသံတွေ တဂျုန်း
ဂျန်းနှိုးတိုင်းလည်း ငါတို့က ထထလိင်ဆက်ဆံလို့မဖြစ်။
သစ်ခွပန်းလေးတွေ ညှိုး
သွားရင် သစ်
ခွပန်းလေးတွေကိုပဲ
အပြစ်တင်တတ်ဖို့ ငါတို့ အများကြီးလေ့
ကျင့်ရဦးမယ်။ အရွတ်ဆို
တာ စားမြိန်ဖွယ်ရာ ငါ့နာမည် ငါပြန်ကြားရတဲ့ အရသာ။
လေးနက်မှုကို ပေါ့
ပါးသွားစေဖို့ အုတ်ဂူပေါ်တက် မတ်တပ်ရပ်လိုက်တယ်။ စိတ်
မြင်ကွင်း
ကိုပိတ်နေရင် ဒီပန်းချီကားကို လုံးချေပစ်လိုက်။
အမှိုက်အဖြစ် ထု
ထည်ကြွလာတော့လည်း ငါ့မှာ နှမြောရ။
ရန်စနှစ်စကို ရေထဲချ ရှော့ခ်ရိုက်ကြည့်လိုက်တော့ စကားလုံးဗိုက်သားဖွေးဖွေးတွေ
ဘွားကနဲ ပေါ်လာတဲ့ ရေမျက်နှာပြင်။
အရှိန်ပြင်းပြင်းမောင်းနေတဲ့ ပါ
တီထဲ ငါဟာ လမ်းလယ်ကျွန်းလို ငုတ်တုပ်။
မြွေကိုက်ပြီဟေ့
လို့ စကပ်တိုလေးကို လှမ်းအော်ပြောလိုက်တယ်။
မျက်လုံးရှေ့ ဖြတ်ပြေးသွားတဲ့ အတိတ်ဓါတ်
ပုံများ
ထောင်
သောင်း
သိန်း
သန်း။

ရှိန်ဝါ
၅။၅။၂၀၁၅

ပန်ကာများတွင် သွေးပြန်ကြောများမရှိကြောင်း ဘောလုံးအား အပြင်းဆုံးငုံပြနိုင်သည်။

အရောင်မဲ့ အစိမ်းရောင်စိတ်ကူးများ ဒေါသတကြီး အိပ်စက်နေကြသည်။
 (Noam Chomsky, Syntactic Structures, 1957)

မိန်းမရဲ့ အောက်ခံဘောင်းဘီကို ယူဝတ်လိုက်တယ် ပန်းပွင့်ပုံ။
ပြီးမှ တဖက်ခန်းက လေတိုးသံကို ချောင်းပြီး ဓါတ်ပုံရိုက်တယ်။
အိမ်သာနံရံက စာအတိုင်း အလွတ်မရတဲ့ ဖုန်းနံပါတ်တခုကို ရေရွတ်တယ်။

အိပ်မက်ထဲမှာ ပျင်းဖို့ ကောင်းလွန်းလို့ အမောခံပြီး အိပ်ရာနိုး
လိုက်တယ်။ လျှာဟာ အပြင်ထွက်ထွက်လည်ပြီး
အထဲပြန်ဝင်လို့ရအောင် အရသာရှာရင်း ရှုပ်နေတယ်။
ကြည့်မှန်ထဲကို အကြည့်

တချက်ပြူပြီး လမ်းကို လှမ်းဆဲလိုက်တယ်။ မသယ်နိုင်တော့ဘူး
မသယ်နိုင်တော့ဘူး ဆိုပြီး အရူးဟာ လမ်းတလျောက်လုံး လေးနက်
သွားလေရဲ့။ အဘိဓါန်ကို ကိုယ်လုံးတီးချွတ်ပြီးတဲ့နောက်။
ကြောက်လွန်းလို့ လျောင်း/ထိုင်ကို ရပ်/သွားပြောင်းရတယ်။
မျက်လုံးထဲက အနာကို ခဏခဏ ပြန်ပြန်စိုက်ကြည့်ရတယ်။

မယ့်ကိုယ်စား ဘယ်နှင်းဆီမှ ဆိုလိုရင်း မမွှေးမြခဲ့ဘူး။
သံဇကာဆိုတာ ပျော်စရာအကွက်တွေ ရွှေ့ပစ်ဖို့။ ခြုံနွယ်တွေဟာ
အဲဒီမိုးကုပ်စက်ဝိုင်းပေါ်တက်ပြီးရင် ပတ်လိမ်ခွေခေါက်လို့။ ငါးမရလို့
ငါးမျှားချိတ်ကို သွားကြားထိုးတံအဖြစ် အသုံးချလိုက်တယ်။ ငါးတွေဟာ
ငှက်တွေလို ကျလိကျလိ ကွိကျိကွကျ မတတ်ကြဘူး။
ခုန်ထွက်ပစ်လိုက်ဖို့။

ရှိန်ဝါ  
4 April 2015; 12:00 AM

Friday, March 20, 2015

ညာတာပါတေးသီအိုရီ

………………………..ရဲ့ သွေးမြေကျမှသာ
ခြင်တော်လှန်ရေးကြီး အောင်မြင်မှာဖြစ်တယ် လောင်ကျွမ်းဝင်္ကပါ။
ဒုက္ခတွေက မဆုံးသေးဘူး ဒါပေမယ့်
ခင်ဗျား ပျော်နေတာပဲ မဟုတ်လား ဂျွန်အက်ရှ်ဘရီ
မသိကိန်းလေးများထဲသို့ ကိန်းသေကြီး ပေါင်းထည့်သောအခါ
ကိန်းရှင် မည်ရွေ့မည်မျှရသနည်း၊ တွက်ချက်ပြပါ။
ဖောက်ပြန်ရေးသမား မဖြစ်ချင်လို့ ကြေကွဲဝမ်းနည်းစွာ
ကွန်ဒုံးလေးတွေကို စတေးလိုက်ရတယ်။
ပုံတွင်ပြထားသည့်အတိုင်း
နှာဗူး နှင့် ဆပ်စလူး စသည့် ဝင်ရိုးစွန်းများပေါင်းခြင်းဖြင့်
နိုင်ငံတော်တည်ဆောက်ပါ။
ဟာသစစ်စစ်များ ထုတ်ဖော်ရန် ဘတ်ဂျက်တိုးမြှင့်ပါ။
ဥာဏ်ကြီးသူများသာ အနာကို လျာနဲ့လျက်တတ်ကြသည်။
ငါ့ဖင်ကို ငါ့အင်္ဂါတွေက အယုံအကြည်မရှိဘူး
ရန်/ငါ ပြတ်အောင် သူ့ကို သေသေချာချာ တိုက် … ချွတ်ရမယ်
စစ်ပွဲတိုက်ပြီဆိုရင် အရင်ဆုံးလုပ်ရမှာက
Castle ထဲက ကောင်တွေကို မျှားခေါ်ပြီး ရှင်းပစ်ဖို့ပဲ။
ရေကူးရကောင်းမှန်းမသိတဲ့ ငါးကြင်းတွေက
ရေကူးတတ်ချင်တဲ့ ငါးကြင်းတွေကို ကြော်လိုက်ကြတာဖြစ်တယ်။
ရာသီနေရိပ်အလာ ရာသီနေပူကစောင့်ခဲ့တယ် မိန်းမပျိုလေးဟာ
အရိပ်ကို လိုချင်လို့ အပင်နုလေးတွေကို ချိုးခဲ့တာဖြစ်တယ်
ရာသီဥတုဆိုတာ ကဗျာရေးမခန့်မှန်းနိုင်တဲ့ ကဗျာ။
ကျော်ဟိန်းသေမယ့်နေ့အထိ ငါတို့ပြင်ဆင်ထားတယ် ခဏခဏ။
ကျွန်ုပ်တို့သည် ငြိမ်ဝပ်ပိပြား အေးချမ်းသာယာစွာဖြင့်
ကိုယ့်ခြင်ထောင်ထဲ ကိုယ်ထိုင်ဆဲခဲ့ကြခြင်းဖြစ်ပါသည်။
လူအုပ်ကြီးထဲ ဘယ်သူပေါက်လိုက်မှန်းမသိတဲ့
scalar energy ကြောင့် အားလုံး နှာခေါင်းပိတ်လိုက်ရတယ်။
အရိုင်းအစိုင်းဆိုတဲ့ barbarian တွေမှာ ဘုရင်ရှိတယ်
သူ့မှာ အထူးသံလက်အိတ်ကြီးနဲ့
ငါ့မျိုးဆက်ပွားအင်္ဂါဟာ (အမြဲလိုလို) နှပ်ချေးတွဲလောင်းနဲ့
အကာအကွယ်လေးတစ်ခုရှိရုံနဲ့ အမျိုးပါမရှောင်တော့ဘူး။ ခွေးဟာ
သူ့အမြီးကောက် သူပြန်ကိုက်ရင်း လည်ခဲ့ရတယ် ယားနာသံသရာ။
ကျွန်တော်တို့ အသက်တွေကြီးလာတာကလွဲလို့
အချိန်ဆိုတာ တကယ်ရှိတဲ့ အရာမဟုတ်ပါဘူး မစ္စတာဟော့ကင်း။

5 – 9 March 2015

Monday, November 24, 2014

ကြည်ကြည်လင်လင်မြင်ရတဲ့ အတည်ပေါက်တွေနဲ့ ပိတ်ဖုံးနေတယ်။ ဟာသ

နေဝင်အောင် စိတ်တွေ လွှတ်ကျောင်းထားတယ်။ ဒါမှမဟုတ်
စိတ်တွေကိုဘောင်ခတ်လိုက်လို့ နေဝင်သွားတာလည်း ဖြစ်နိုင်တယ်။
အရေပြားကို တဒုတ်ဒုတ်လာတိုးနေတဲ့ သွေးလေခြောက်ခြားမှု။
ပိုင်ဆိုင်မှုနယ်နမိတ်ထဲ အသန်ထွက်ညန့်ညန့်နဲ့ င…နိုင်ဂန်ဒေါ်။
တစ်ယောက်ကိုတစ်ယောက် တိုးကြိတ်နေကြတော့ ဘယ်နေရာက ဝင်ရူးရမလဲ။
အိပ်ရာသံတွေဟာ ဘုရားခန်းထဲအထိ ဝင်ရောက်ဝတ်ပြုတယ်။
ထွက်ပြေးဖို့ရာ ရုပ်ပြောင်းနာမ်ပြောင်းဂါထာကိုသာ စွဲစွဲမြဲမြဲ သရဇ္ဈာယ်ရမယ်။
Em;rvnfatmif a&;xm;wmudkvmzwfaeao;w,f  rMunfhygeJYqdwdkwmudk
အချက်ပေးသံတွေလာလာ မလာလာ၊ ကိုယ်တွင်းဗုံးဟာ ဘဝတပါးအဖြစ်
ပြန်လည်စလောင်တယ်။ လောင်ပြီးမှ ပြန်လည်စတင်အသံထွက်တယ်။
အရောင်တွေကိုတော့ မတားနိုင်တဲ့ ငှက်တွေရဲ့ တခုတည်းသောကောင်းကင်။
အလင်္ကာတွေချည်း ညှစ်ထုတ်ခဲ့တော့ အင်္ဂါအစစ်တွေနဲ့ လွဲချော်ခဲ့ရရှာလေတယ်။
ကလေးတွေဆိုတော့လည်း အမှန်ဆိုတာတွေချည်းပဲ လုပ်ကြတာပေါ့။

လာလတ္တံသောလှေကားထစ်များထက် ပို၍ပြောင်ချောနေသော ပထမလှေကားထစ်မှစတင်ကာ အခြားလှေကားထစ်များ၌ရှိနေသော အကြားအလပ်တိုင်း စိတ်သတိအဟများ သေကြေပျက်စီးနေပုံအား တွေ့ရှိအပြီး အခန်းတံခါးကို ကိုယ်ပိုင်တံခါးခေါက်ချက်မည်မျှဖြင့် ခေါက်ရမည်လဲကို စဉ်းစားရင်း တံခါးပွင့်သွားလျှင် နောက်ထပ်လှေကားထစ်တွေကို တွေ့ရဦးမှာလားဟုသော မဲပြာပုဆိုးမေးခွန်းအားသာ ထပ်မေးရမည်ဖြစ်သည်။ (တက်မိသောလှေကားအမှတ် မှား/မမှားအား မသိရှိသေး။ သိရှိရန် လို/မလို။)

အခြားတစ်ယောက်ဖြစ်သွားမှာစိုးလို့ ကိုယ့်ကိုယ်ကို ဝစ်လစ်စလစ်ထားပြီး
ပြန်မကြည့်ရဲဘူး။ အိမ်ပြန်လာတိုင်း အိမ်ပေါက်ဝကိုပိတ်ထားတဲ့ ငါ့ခွေး။
ဘာသာစကားဟာ မှန်ထဲ ငါ့ဘယ်ဖက်လက်နဲ့ ငါ့ကိုနှုတ်ဆက်တယ်။
Samsaung TV မှန်အခွက်ထဲက ရုန်းကြွလာတဲ့ 3D ပင်လယ်အခုံးကြီးထဲ
Google Earth ဟာ CCTVတွေရဲ့ နောက်ကွယ်ကကြိုးတွေကို မြင်မသွားရရှာဘူး။
ကြည်စိမ်းနေတဲ့ရေထဲ အခြားကမ္ဘာကဂြိုလ်သားတွေနဲ့ လိင်ဆက်ဆံကြ။
ကြည့်ရင်မြင်ရမယ်လို့ သိခဲ့ရတဲ့ စကြဝဠာကြီးကိုလည်း မော့မကြည့်ဖြစ်ခဲ့ဘူး။
ကြယ်တစ်လုံးကို ကိုလံဘတ်လို့ နာမည်ပေးလိုက်တယ်။ နှုတ်ခမ်းမွှေးတွေ
ကို ရိတ်ပြီးရင် ပျော်ပျော်ကြီးသေလို့ရပြီ။ (ကိုယ်ချင်းစာတဲ့အနေနဲ့)
ငါ့အလောင်းကို သူတို့ရှာလို့လွယ်အောင် အပုပ်နံ့ပေးခဲ့ရမယ်။
λ▲┴ᶩ¢£¤¥§µ·¶±€◊תּשּסּףּהּזּפֿﭏﭓﯝﯔﮱﮫﮪﮪﮬﮭﺱﺲﺴﻕﻹﻞﻜ
အဆုံးသတ်ပြီးရင် ဒီကဗျာက ရှိန်ဝါ့ကို ဟားတော့မှာပဲ။



ရှိန်ဝါ
19 November 2014

Friday, November 7, 2014

ပါရမီရှိရှိ ကြို့ထိုးခြင်း

Yes!
မှားစရာမရှားလို့ သွေးကြိုးတွေကို မှားဖြတ်လိုက်တယ်။
သမ်းဝေမျက်နှာသစ်ပြီး ဖွင့်လှစ်မိတဲ့ အဆောက်အအုံသစ်ကြီး။
အညစ်အကြေးမစွန့်ခင် အစာပူပုပ်တွေ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရမယ်။
တော်လှန်တယ်ဆိုကတည်းက ဖိနှိပ်ထားတာတော်လို့ပဲ။ Yes or No?
နှုတ်မဆော့ရတော့ နှုတ်ပိတ်ပြီး နှုတ်လှန်ထိုးပစ်လိုက်တယ်။

လူ့ဘဝဆိုတာ ကာလ၊ ဒေသကိုကြည့်ပြီး ပယောဂချောင်းဆိုးတတ်ဖို့ပဲ လိုတယ်။
ထောက်မတွန်းကန်ခြင်းတွေကြောင့် ဝါယောဓါတ်ပျက်သွားရရှာတဲ့
မဟာဣတ္ထိယ။ No! No! No! မှားတတ်တဲ့ လူသားမျိုးရိုးဗီဇအရ
Without man, God is nothing!
တစ်နေ့တစ်ခါတော့ အာသာမဖြေဘဲမနေနိုင်တဲ့ ကဗျာဗူးထခြင်း။
မေ့သွားရင်တောင် ခွင့်မလွှတ်ဘူး။ အပူအအေးမမျှတလို့ မိုးကျစ်ခြိမ်းတယ်။
ပန်ကာလေးကိုင်ပြီး ပြေးသွားတဲ့ ငါ့သားမျက်နှာလေး၊ မွှတ်နေအောင် လည်လို့။
အောက်ဆီဂျင်ထက် မည်သည့်ဓါတ်ငွေ့ ပိုမိုလေးနက်သနည်း။
ဝမ်းမြောက်ဝမ်းသာ ရင်လေးနေရတာတွေကို ရင်တီးလက်ခတ်ပစ်လိုက်တယ်။

A ပြီးရင် A ပဲ။ ဘာမှ ထပ်တိုးမလာဘူး။ A ပဲ။ A မှ A ပဲ။
လူသတ်ဖို့ သင်လွယ်တတ်လွယ်တဲ့ အဆစ်အပေါက်ပဲ။ မျိုးနဲ့ ရိုးနဲ့
ယားလာခဲ့တဲ့ အရွက်တွေပဲ။ လူပြိန်းတွေနဲ့ ဘာမှမထူးဘူး
လို့ သိဖို့ အသိဥာဏ်ကို ဖြည့်ဆည်းထားတဲ့ လူပြိန်း။ တောက်။
စိတ်ကြီးဝင်။ အူလမ်းကြောင်းတလျောက် ခုန်ဆွ ခုန်ဆွ ခြေဖျားထောက်ပြီး
ရောက်ခဲ့တယ်။ လူအုပ်ကြီးထဲမှာ စအော်ဟစ်မယ့်လူပဲ လိုတယ်။ နာဂစ်
ဒုက္ခသည်တွေဟာ ကျေးဇူးတင်လွန်းလို့ ကွန်ဒုံးတွေ လက်ဆောင်ပြန်ပေးကြတယ်။
ကံဆိုးမက မိုးတွေပါ ခေါ်လာလို့ ကျင်ကနဲ ဒင်ကနဲ ပြီးပြီးသွားတယ်၊
ဆိုင်းသံကြားရင် လက်ချေင်းကိုင်းခြောက်တွေ ထလှုပ်တုန်း။ လူညစ်အမြစ်တွေဟာ
ကျောသားရင်သား မခွဲခြားဘူး။ ကော့ကော့ပန်းနေတာ ကိုယ်ထဲက ရေဟောင်းတွေ။
တောင်ကြီးမြို့ရိုးရာမီးထတောက်တော့ ငါတို့ မိုးပေါ်မြောက်ကြရတယ်။
အမှောင်ထဲ၊ အသံတွေမှာ အလင်းရှိတယ်။
တကယ်ဆို့။


ရှိန်ဝါ
                                                                                                 4 November 2014

Wednesday, October 22, 2014

ခါးSIZEချဲ့ထွင်ခြင်း

ဆရာတော် အိန်ဂျယ်သည် လေပူအားယူ၍
သက်ပြင်းထထိုင်တော်မူလိုက်သည်။
အဆိုပါ မှားလေ့မှားထရှိသော အမှားများအား
သာမန်ပြဌာန်းစာအုပ်အဖြစ်သာမက ကျမ်းကိုးအဖြစ်ပါ အသုံးပြုနိုင်သည်။
ဘယ်တံခါးကိုပဲ ပိတ်ပိတ် နာရီသံကိုတော့ ကြားနေရမှာပဲ။
သက်လတ်ပိုင်းအရွယ်ရောက်လာတာနဲ့
ညနေခင်းတွေဟာ လူတွေကိုယ်ထဲ လမ်းဝင်လျောက်တော့တာပဲ။
ဒီတခါတော့ အဲဒီမျှော်လင့်ချက်တွေကို သူဝတ်လို့ မတော်တော့ဘူး။
နာရီတွေကို ခုန်ကျော်ပစ်ဖို့ မျက်လုံးတွေဟာ မပေါ့ပါးတော့ဘူး။
သိဒ္ဓတ္ထဟာ မလုံလောက်ခြင်းဥာဏ်ပင်နဲ့ အတူ ပေါက်ဖွားခဲ့တယ်။
အာရှငွေကြေးအကျပ်အတည်းမှ ပြန်လည်နာလန်ထရန်အတွက်
အချုပ်ခန်းဝမှာ ကြက်သွေးရောင်မုတ်ဆိတ်များ ချိတ်ဆွဲထားရန်အတွက်
စဉ်းစားများ ဒီလိုပဲ ကြီးပြင်းလာရင်း
ဖရန်စစ်ကိုရီးရယ်တစ်ယောက် ဗြုန်းဆို သေသွားပါလေရော။
အဓိပ္ပါယ်များ ရှင်းလင်းစေရန် အချိန်တိုင်း အိပ်မက်မက်ပါ။
“လေပေါ်ပျံပြနေတဲ့ စားစရာများ” မျက်လှည့်ကို ပုံမှန်လေ့ကျင့်ပါ။
ဖရန်ကင်စတိုင်းဆီ ကျန်းမာကြောင်း သဝဏ်လွှာ နေ့စဉ်ပို့ပါ။
1909 ကျမှ “ဆေးစွဲသည်” ကြိယာဟာ နာမ်ဖြစ်ခွင့်ရခဲ့တာ။
ရိုမီယို နဲ့ ဂျူးလိယက်ဟာ ငါတို့အတွက် ကျောက်မီးသွေးတွေ သယ်လာတာ။
လူသုံးအများဆုံး ဗန်းစကားအဘိဓါန်တိုင်းမှာ လိုက်နာခြင်းဟာ ရှေ့ဆုံးစကားလုံးပဲ။
ရှားလော့ဟုမ်းအတွက်တော့ အမှုတိုင်းဟာ မိန်းမသားဆန်နေတာပဲ။
အစုန် အဆန် ဆိုတဲ့ သားနှစ်ယောက်ကို ထားရစ်ခဲ့ရပြီး
သူကြွယ်ကြီး မဟာသုဝဏ္ဏလည်း သေရတာပဲ။
နောက်ဆုံးမှာတော့ အရိုးတွေထဲ ခန်းမဆောင်တွေ ခေါင်းသွင်းလို့ ရပြီလေ။
LIFE မှာ အမှတ်ကောင်းကောင်းရဖို့ ဘယ်ဝေါဟာရတွေ မရှိမဖြစ်လိုအပ်သလဲ။
ယူလီဆီးတို့ ဒီကမ္ဘာမြေပေါ် ဝင်ရောက်သိမ်းပိုက်အပြီး
ဘယ်နှစ်ရက်အကြာမှာ ဒီကဗျာဖြစ်ပေါ်လာတာလဲ။
ငါတို့ရဲ့ အတွေးတွေက ဗုဒ္ဓကို ပုံသွင်းဖန်ဆင်းနေကြတာလား။
အများကြီးဆီက ခိုးချရင်ကျတော့ သုတေသန တဲ့လား။ ပြုံးမိတယ်။
ဘက်ခ်မူလင်ဂန်ဟာ နှုတ်ခမ်းကို သေသေချာချာစမ်းပြီးမှသာ
သူရဲ့ မုတ်ဆိတ်ရိတ်ဓါးကို မှန်ထဲမှာ နှစ်မြုပ်လိုက်တာဖြစ်တယ်။
မိုးသားတိမ်လိပ်တွေ မကင်းစင်သေးတဲ့အတွက်ကြောင့်သာ
ရူပဗေဒမှာ အလှတရားနဲ့ ရှင်းသန့်မှု ရှိနေတာ ဖြစ်တယ်။
ငါတို့ဟာ စုဖုရားလတ်ရဲ့ ငယ်ရွယ်မှုကို ခုတုံးလုပ်ခဲ့ကြတာပါ။
ဆွေမျိုးတွေကို ငြီးငွေ့လာတိုင်း အံဖွယ်ကမ္ဘာက အဲလစ်နံဘေး
ငါ သွားသွားထိုင်ရတယ်။ နှစ်ပေါင်း ၁၆၂၀ ကြာပြီးနောက်မှာတော့
မူလရေဒီယမ်ဒြပ်စင် သက်တမ်းဝက်ကုန်သွားတာပေါ့။
ဟိုရှေးရှေးတုန်းက အီစွပ်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တယ်ကွဲ့။
ကြည့်၊ ဟိုထောင့်မှာ ထိုင်နေကြတာ ငါတို့ သူငယ်ချင်းတွေပေါ့။
တမနက်၊ အိပ်မက်ဆိုးတွေက လန့်အနိုး၊ ဂရီဂေါ်ဆမ်ဆာဟာ
ဂရီဂေါ်ဆမ်ဆာအဖြစ် ပြောင်းလဲသွားကြောင်း ကြောက်လန့်တကြား တွေ့ရှိလိုက်ရတယ်။

* အောက်ပါစာအုပ်များမှ အစပိုင်းများအား ယူငင်သုံးစွဲထားသည်။
01.သင့်လူ၊ မိစ္ဆာမြူးချိန် In Evil Hour by Garcia Marquez
02. Metamorphosis by Franz Kafka
03. Alice’s Adventures in Wonderland , by Lewis Carroll, 1807
04. Dubliners, The Sisters, by James Joyce
05. A Haunted House by Virginia Wolf
06. Sustainable Development and Human Security, JCIE and ISEAS, 1999
07. မြင့်သန်း၊ ပန်းရောင်လမ်းထောင့်မှ လူ၊ ဘော့ရဂဲလ် Man on Pink Corner
08. Barron’s Essential Words for the TOEFL
09. A Century of New Words, John Ayto, Oxford
10. Common Mistakes in English; Longman
11. TOFEL Idioms Quiz Book; Kaplan
12. Cambridge Phrasal Verbs
13. နန္ဒသူ မြန်မာ့စောင်း Harp of Burma by Michio Takeyama
14. Words of Wisdom 100 Inspirational Quotations
15. Free Magic Tricks by Wolfgang Riebe
16. Dream Psychology by Sigmund Freud
17. 101 Best Jokes
18. Ulysses by James Joyce
19. စိုးစိုး (အင်္ဂပူ)၊ သေချာမှုမှ မရေရာမှုဆီသို့ ။ From Certainty to Uncertainty by F David Peat
20. The King in Exile by Sudha Shah
21. Oxford Practice Grammar by John Eastwood
22. ဦးရွှေအောင်၊ ဓမ္မပဒ္ဒ
23. The Odyssey by Homer
24. The Adventures of Sherlock Holmes by Sir Arthur Conan Doyle
25. Frankenstein by Mary Wollstonecraft Shelley
26. Tess of the d’Urbervilles by Thomas Hardy, 1891
27. The Time Machine by H. G. Wells
28. The Scarlet Letter by Nathaniel Hawthorne
29. Aesop’s Fables, 620 BC – 563 DC
30. Siddhartha by Hermann Hesse
ရှိန်ဝါ

                                                          အောက်တိုဘာ ၂၀ရက်နေ့ ၂၀၁၄ခုနှစ်။

Saturday, October 11, 2014

ချိုမိုင်မိုင်ရှာတော်ပုံ

ပျော်ရွှင်ဖို့ရာ ညစ်ညမ်းရတယ်။ ချားရဟတ်စီးမှု အကြားအလပ်ထဲ
အပေါ်ကလူ အန်ဖတ်မှန်းမသိ။ အောက်ကလူ အန်ဖတ်မှန်းမသိ။
ဝါကျထဲ ပင်ပန်းရှာသူ ဝိဘတ်တွေ သေညွှန့်တက်ဖို့ဆိုတာ။
ဂျက်ကီချန်းရဲ့ ရုပ်လောကအပေါ် အောင်မြင်မှုနဲ့ပဲ။
ပင်လယ်ဓါးပြတွေရဲ့ သင်္ဘောဝမ်းဗိုက်မှာ ကပ်နေတဲ့ ရတနာတွေ။
လျှာဟာ ဘာအရသာမှန်းမသိ ချိုရ။ သမံတလင်းပေါ်
ရေလောင်းပြီး ကိုယ့်မျက်နှာလေး ဖူးပွင့်လာတော့လည်း ရီရ။
မျက်မှန် ပါပါ မပါပါ တဏှာကြောက တချိန်လုံး တင်းနေတာ။
မြင်ကွင်းစိမ်းစိမ်းတွေက အဖိ၊ ပြားသွားတဲ့ ဘာသာစကားရေညှိပြင်ကြီး။
ရှေ့က စကားလုံးက အနစ်၊ နောက်က စကားလုံးက ဝင်အဖြည့်
ဆိုတော့ကာ ကမ္ဘာကြီး မြုပ်သေသွားမှန်း ဘယ်မာလိန်မှုးမှ မသိကြသေးဘူး။
ငါတို့ရဲ့ အစာအိမ်ဟာ ငါတို့ရဲ့ Google ပဲ။
လောဘဦးမှင်တစ်ချောင်း အနားပေးထားလည်း သွေးနံ့ကို အမိအရစုပ်
နိုင်တဲ့ ခြင်မျိုးပေပဲ။ ဘယ်ဖက်နှုတ်ခမ်းမွှေးက ပိုနံတယ်လို့ မလိမ်တော့ဘူး။
ငါဟာ ပန်းကန်လုံးဖင်အောက်ကပ်သွားတဲ့ ၁၄၉၅၅ လုံးမြောက် ထမင်းစေ့။
ပျော်ရွှင်ဖို့ရာ သုံးဆင့်ချိုင့်မှာ တစ်အံမှ လွတ်မနေဖို့ လိုအပ်တယ်။
ဆိုလိုတာက ကျားကန်ထားလို့ ကျီးကန်းတောင်းမှောက်ဖြစ်နေတာ။
ဆိုလိုတာက မိစ္ဆာထိုင်နေတဲ့ တရားတော်။ လေကို ဖမ်းလို့ နာကြားခဲ့တယ်။
မိုးရွာပြီးစ မြက်ဖျားပေါ် ကရုဏာတော်စွန့်သွားတဲ့ အရှင်။
နောက်ဆုံးညစာမှာ ဆွဲပြီးစမြေပုံပေါ် မှောက်ကျသွားတဲ့ Spy ဝိုင်။
သွားကြားထဲမှာ အရပ်လေးမျက်နှာ အံကြိတ်ခြင်း ပို့သမှု။
ဘေးဘီဝဲယာကိုပဲ ကြည့်ပြီး လမ်းကူးခဲ့လို့ ငါတို့ ကားတိုက်ခံခဲ့ရတာ။
ပြီး၊ သတိကြီးစွာဖြင့် ပန်းကန်ခွက်ယောက်များအား လွှတ်ချပါ။
အဖေဟာ အိမ်ပြန်ရောက်တာနဲ့ အမေ့ကို တန်းမေးတယ်။
အောက်ခံဘောင်းဘီ ဝတ်နေတဲ့ အချိန်ဆို ဘယ်သူမှ မလှပ၊
ကိုးယိုးကားယား။ သမင်ဟာ ခြုံပုတ်ထဲ လုံခြုံမှု ဝင်ဝင်ရှာတယ်။


ရှိန်ဝါ

၁၁ အောက်တိုဘာ ၂၀၁၄

Friday, September 19, 2014

ပထဝီ ညံ့ရာကစလို့

·                     သောကြာနေ့ဟာ ညဝတ်အင်္ကျီ ဖြစ်တယ်။ ပြန့်ကျဲနေတဲ့
ခရုတွေကို သနားလို့ ပင်လယ်တွေကို တဂျွမ်းဂျွမ်း တက်နင်းပစ်လိုက်တယ်။
အမိုက်မှောင်ထဲ တိုးဝင်ဖို့ ရှုခင်းကောင်းကောင်း ပြတင်းပေါက်တွေ
လိုအပ်တာပဲလား။ သော့ပေးလိုက်တယ်။ ဘယ်ကို ဖွင့်ရမလဲ မပြောဘူး။
ဟင်းသီးဟင်းရွက်ထဲက ပိုးကောင်တွေရဲ့ အက။ ယမန်နှစ်က တိုင်းထွာချက်
များအရ ဤကဗျာအား အပိုဒ်ခွဲလိုစိတ် ရွာရန် ရွာနှုန်း ၆၀ ဖြစ်ပါသည်။

·                     ဖုန်းခွက်ထဲ အဖေ့အနော်တကာအရော်တကေး သတင်း
ကြားပြီး ကတည်းက ဒီဆေးလိပ်ပြာ ဘယ်မှာ သွားခြွေရမလဲ မသိတော့။
မိုးမျှော်စာအုပ်တွေထဲ ရွှေ့ပြောင်းဝိဘတ်လေးတွေ ညပ်ကုန်တယ်။
ပလက်ဖောင်းပေါ် လှမ်းထားတဲ့ သောကြာတွေကို အခုမှ ရုပ်ဖြစ်တယ်။
မိုးစက် တစ်စက်နဲ့ တစ်စက်အကြား အကွာအဝေးက 2.4 cm တိတိ။
ဂျပန်က ဘီစကစ်ဟာ သာကေတမှာ လာချိုနေတယ်။ ဇာတ်အိမ်နာကျင်စေရန်
ကြမ်းခင်းကြွေပြားနှင့် ညီမလေးရဲ့ ဆက်စပ်မှုယုတ္တိကို ရှာဖွေတင်ပြပါ။
ငါ့အိပ်ရာနိုင်ငံတော်ထဲ စောင်တွေ၊ ခေါင်းအုံးတွေ

·                     ကို လွတ်လပ်ခွင့် အပြည့်ပေးထားတယ်။ ငါ မသိမ်းပိုက်ရသေးတဲ့ မီးဖိုချောင်
ပတ်ခွေနေတဲ့ မြွေစိမ်းမြီးခြောက်ကြီးကို ဘယ်အလံတိုင်နဲ့ ထိုးကင်စားရမလဲ။
ကိုယ့်ကိုယ်ကို လူကုန်ကူးခြင်းဟာ တရားဝင်ဖြစ်ပြီးသား။
လှေကားက တက်လာတာ သော့ခလောက်ထဲ ထိုးစိုက်ဆင်းဖို့ပဲ။
ဆီပူလာလျှင် ဒယ်အိုးထဲ တီဗီကို ထည့်ပါ။ စားချင်စဖွယ် နိုင်ငံတကာ
အသံတထောင်းထောင်း ထွက်လာတဲ့ အထိ ၁၅ မိနစ်ခန့် စောင့်ပါ။
ကြိုးကြိုးကုပ်ကုပ်။ မီးအေးဖို့ ချိတ်တွေ ကွေးပေးနေရတယ်။
ခန်းဆီးတွေဟာ ဆွဲဆောင်မှုအရှိဆုံး အမှိုက်တွေပဲ။

ရှိန်ဝါ
          18 September 2014

Thursday, August 28, 2014

ရည်ညွှန်းစာ (22,1,1985)

တွင်ပါရှိသော သံသယရှိစေသူ ကိလေသာအပေါင်းတို့အရ
ကံမသေမှုဖြင့် အမေ့သားအိမ်ထဲ ထားခဲ့တယ်၊ အဖေဟာ ဗုံးတစ်လုံး။
ခေတ်ပျက်ဟာ လိင်ဆွဲဆောင်မှုမရှိ၊ ခေါင်းစိုက်ကုန်တယ် ငါတို့မြားတွေ။
သမုတိမေးခွန်းများဟာ လိုရာမရောက်၊ ပေါင်သားဝက်ခြံလေးအတွင်း မျက်နှာငယ်။
အပြင်ထွက်ပြီဆို ချိတ်ထားတဲ့ ချွေးစက်တွေ ကောက်ဆောင်းသွားရုံပဲ။
အိမ်ပြန်ရောက်ပြီဆို ခြေသည်းလက်သည်းတွေပါ ချွတ်ပြီးနားရတယ် လေးလံမှု။
… သည် ဌာနဆိုင်ရာ ဥပဒေအရ အရေးယူခံလိုက်ရသော ငြိမ်းချမ်းရေး ဖြစ်ပါသည်။
လူကြီးမင်းပေးပို့လိုက်သော သုက်ကောင်များသည်ပင် အကောင်းဆုံး လျောက်လဲချက်။
တဏှာသုံးချပ် ဘယ်လိုတွဲတွဲ လူအဖြစ်ကို ရရှိတယ် ဘူကောင်များ။
ပြဒါးပခုံး သံပခုံးကြား ဟစ်တလာရော ဂန္ဒီပါ အညှောင့်ပေါက်ခဲ့တယ်။
သက်ပြင်းကန့်လန့်ကာ ဝေဆာနေရုံနဲ့ ဇာတ်သိမ်းအသီး သီးမလာဘူး။
ဝင်စာထွက်စာများဖြင့် အိမ်သာနံရံအပြည့် ထိုးအန်ချလိုက်တယ် သမိုင်းအက္ခရာများ။


ရှိန်ဝါ
16 August 2014

မပြည့်တန်ဆာ (ကြိုက်သလို အသံထွက်ပါ)

ညစ်ညမ်းမှုနဲ့ သန့်ရှင်းနေတဲ့ လမ်းဘေးပလက်ဖောင်း နက်နက်ထက်
မိန်းကလေးတစ်ယောက် အေးအေးလူလူ လိုလို အိပ်နေတယ်။
ခြေထောက်တွေ၊ ဖိနပ်တွေမျိုးစုံဟာ
သူ့နံဘေး နင်းဖြတ်သွားကြတယ်။
တည်ရာမဲ့ ဖုံမှုန့်များလည်း သူ့နံဘေး ဖြတ်သွားကြတယ်။
တိုးရကြိတ်ရ လေညှင်းနွမ်းနွမ်းလေးလည်း သူ့နံဘေး ဖြတ်သွားတယ်။
အမှိုက်လေလား၊ ပန်းလေလားမသိ လည်း သူနံ့ဘေး ဖြတ်သွားတယ်။
ကျုံ့ထားတဲ့ မျက်မှောင်တွေရော၊ ကျုံ့သွားတဲ့ နှုတ်ခမ်းကွေးတွေရော သူ့နံဘေးဖြတ်သွားတယ်။
အနံ့တွေ၊ အရောင်တွေ၊ ပိုးကောင်မွှားကောင်တွေလည်း သူ့နံဘေး ဖြတ်သွားတယ်။
လုံချည်ဟောင်းလောင်း၊ ဘောင်းဘီဟောင်းလောင်းတွေလည်း သူ့အပေါ်က ကျော်ခွသွားကြတယ်။
မိသားစုလိုက်၊ အတွဲလိုက်၊ တစ်ယောက်ချင်း သူ့နံဘေး နင်း နင်း ဖြတ်သွားကြတယ်။
သူ့နံဘေးမှာတော့
ကမ္ဘာကြီးဟာ နိမ့်လိုက်၊ မြင့်လိုက်။
သူ့ခေါင်းရင်းကို ရောက်လိုက်၊ သူ့ခြေရင်းကို ရောက်လိုက်။
မီးတောင်သေတစ်ခုဟာ အသံမဲ့ အော်ဟစ်လျက်။
သွေးအလိမ်းလိမ်းလူးနေတဲ့ သန္ဓေသားတစ်ခုဟာလည်း မပီမသ ငြီးတွားလျက်။
မျက်နှာလွှဲထားတဲ့ ကောင်းကင်မှာ ပူပေါင်းတွေဟာလည်း ပေါက်ကွဲလျက်။
နေရောင်ခြည်ကတော့
တဏှာရာဂကြီးထန်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့ အင်္ဂါလို
သူ့နောက်ကျောကို မာကျောတောင့်တင်းစွာ အတင်းထိုးဖြာနေလေရဲ့။
သူ့အရိပ်ကတော့ ဘယ်နားမှာများ  ကျ…ကျ……နေပါလိမ့်။

ရှိန်ဝါ
1.1.2014

ဂွမ်း

မီးသီးထဲ တွဲလောင်းကျနေတဲ့ နှပ်ချေးအလင်းရောင်။ ငါဟာ ၁၉ ရာစုကတည်းက ဖျားနာနေခဲ့တဲ့။
မီးကျီခဲရဲရဲထဲကင်၊ ပေပေါ်တင်ပြီး တူကြီးနဲ့ တဒုန်းဒုန်းထု။
(ဘုရားကြီးကို သိမ်းပြီးကတည်းက ဘုရင်မကြီး ခေါင်းကိုက်တော့တာပဲ)
နလပိန်းတုံး အဖြူရောင်တွေ။ နံရံမှာ ကပ်ထားတဲ့ အညှီအဟောက်ပင်လယ်ပြာကြီး။ အလွယ်လမ်းလိုက်တဲ့ အုတ်ကြားမြက်ပေါက် စမ်းချောင်းတွေ။တော်တော်လေးပွေလီတဲ့ ပလီပလာ ဆံပင်တွေ။ Departures ဇာတ်ကားထဲမှာ ဂျပန်မင်းသားဟာ အလောင်းကောင်ကို အလှပြင်ပြီးတိုင်း ကြက်ခြေထောက်တွေ၊ ကြက်ပေါင်တွေကို အားရပါးရ ကိုက်ဝါးတော့တာပဲ။
အရဟံ တစ်လုံး။
အရဟံ နှစ်လုံး။
အရဟံ ခုနှစ်လုံး။
အရဟံ တစ်လုံး။
တစ်လုံး အရဟံ။
သုံးလုံး အရဟံ။
ပြတင်းပေါက်မှန်သားထဲ ဘိုသီဘတ်သီ ပန်းပွင့်လွှာတွေရဲ့ သွေးကြော။ နလပိန်းတုံး အဖြူရောင်တွေ။
ဝိတိုရိယခေတ်ကတည်းက ကိုက်နေတဲ့ခေါင်း။ ဆံပင်တွေရဲ့ ပလီပလာ စကားသံ ငါ့နားမခံနိုင်ဘူး။
မီးကျီခဲရဲရဲထဲကင်၊ ပေပေါ်တင်ပြီး တူကြီးနဲ့ တဒုန်းဒုန်းထု။
(အသက်ကိုမစောင့်နိုင်လို့ ဥာဏ်ဟာ သူ့တစ်ယောက်တည်း ထွက်သွားပြီ)
ဟုတ်တယ်။ အခု ခြောက်လပိုင်းထဲ ရောက်နေတာကွ သူငယ်ချင်း Diclo နဲ့ Destro ရေ။
လက်သည်းခွံနဲ့ ခြေသည်းခွံတွေက ညှပ်ပူးညှပ်ပိတ်ဖိထားတာ အောင့်နေတာပဲ။
အဲဒီ Lesson 7 ရဲ့ Exercise 9 ကို အခြေခံရအောင် သေသေချာချာကြည့်။
ပန်းရောင်ဝင်းဖန့်ဖန့်လေးဟာ ဦးပြည်းစိမ်းစိမ်းလေးနဲ့ လိုက်ဖက်လိုက်တာ။ အာ….
ငရဲတွေကြီးကုန်တော့မှာပဲ။
စိတ်ကိုထိန်း။
စိတ်ကိုထိန်း။
ပြောင်လက်နေတဲ့ ခုတင်စောင်းတွေ။ ပင်လယ်ရဲ့ ညှီချက်ဟာ အဆုတ်တစ်ခုလုံး အရိအရွဲတွေနဲ့။
ချောင်းဆိုးလိုက်ပြီဆိုတိုင်း အဲဒီရွံ့စရာ ပုံဆိုးပန်းဆိုး နှလုံးသားကြီးတွေ ထိုးအန်တော့တာပဲ။
(ဒီလောက်ကောင်းတဲ့ K-Pop တွေကို အရင်က ဘာလို့ ကြည့်မရခဲ့ပါလိမ့်)
ခါချဉ်ကောင်ရဲ့ဖင်ကို စုပ်ခဲ့ဖူးတာ ချိုသလား ချဉ်သလား သူတို့ မမှတ်မိတော့ဘူး။
စအိုမှခေါင်းအထိ တံစို့ထိုးကင်ထားတဲ့ ငှက်ကြော်စားရရင် ခံတွင်းပြန်လိုက်မလားပဲ။ အငံလျော့လိုက်ရင် ကျွန်မဆိုင် မရောင်းရတော့ဘူး ဆရာလေးရဲ့ဆိုတဲ့ လမ်းထိပ်က မုန့်တီသည် ဒေါ်ဝင်းဟာ အိပ်မက်ထဲရောက်လာတယ်။


Credit to Anonymous Fucking Flu!
ရှိန်ဝါ
29 June 2014

ဗေဒါပန်းပြီ

မပြီးခင် ဘယ်ပွဲကြိုက်ခင်မျှ မမြင်အောင် ကားလိပ်ကို ချထားစေ။
ထိုသို့ ဆက်တင် ဆင်နေစဉ်အတောအတွင်း မတိမ်းမစောင်း ဗိန်းဗောင်းလေးကိုလည်း တီးထားစေ။
နောက်ခံပန်းချီကားကြီးထဲ မြစ်တွေ၊ ချောင်းတွေ ကောကော၊ မကောကော ပါပါစေ။
ဇာတ်လမ်းကို လွမ်းမောအောင် တောတွေ၊ တောင်တွေလည်း ပဲ့ပဲ့၊ ရွဲ့ရွဲ့ ပါနေပါစေ။
ကြမ်းတမ်းတဲ့ လမ်းကလေးလည်း အဲဒီနောက်ခံရှုခင်းထဲ ပါပါစေ။
ကြမ်းမှန်းသိအောင် ဇာတ်စင်ပေါ်မှာလည်း လုပ်ခလုတ်ကန်သင်းတွေ ချထားစေ။
ရာသီဥတုကိုလည်း ကူးပြောင်းစလို့ ခံစားရအောင် မီး မမှိန်မလင်း ထွန်းထားစေ။
လေတွေပြင်းနေကြောင်းသိအောင်လည်း ရာသီဥတုမကူရင် ပန်ကာတွေ  ဖွင့်ထားစေ။
ဇာတ်ခုံတစ်ခုလုံးပေါ် လမ်းဘေးက သစ်ရွက်ခြောက်တွေကောက်ပြီး ၂ တောင်း ၃ တောင်းလောက် ကြဲထားစေ။
ဘေးနားမှာ လူတွေအများကြီးရှိနေတယ်လို့ ထင်ရအောင်လည်း ဓါတ်စက်နဲ့ အော်သံတွေ အများကြီးကို ဖွင့်ထားစေ။
အားလုံး ပြီးစီးတော့မှ ကားလိပ်ကို အလျင်စလို ဆွဲမ၊ မင်းသမီးလေးကို ဝင်လာပါစေ။

ရှိန်ဝါ
၁၂။၎။၂၀၁၄

မျက်လုံးများ

သင်္ဂြိုလ်စက်ချောင်းကြည့်ပေါက်လေးကနေ ငါမြင်လိုက်ရတာက
မီးလောင်ရင်း ထထပေါက်နေတဲ့ ငါ့ခန္ဓာကိုယ်တွေ
ဖွင့်ဖွင့်ချင်း တွေ့လိုက်ရတဲ့ အရိအရွဲတွေမှာ ဖေဖေဆိုတာကြီး မပါဘူး
အတုမရှိရှုပ်ထွေးတော်မူသော အစိုင်အခဲ ဖန်ဆင်းတော်မှုလား
ဖန်သားစားပွဲပေါ် တင်ထားတဲ့ ဖန်ခွက်တွေနဲ့ အတူတူ ဘောင်ဘင်မခတ်
ဘာတခွန်းမှ မဟဘဲ သူတို့နှစ်ယောက်သား သွေးငြိမ်လို့
သွားနဲ့ခလုပ်တိုက်ပြီး ထစ်ထွက်လာတဲ့ “အားနာခဲ့ကြောင်း ပြောပါလေ” တွေ
ခရီးသည်တစ်ရွက်ချင်းကို လက်ချောင်းတွေကြားမှာ အလောတကြီးညှပ်ထားတယ်
ဈေးဗန်းကို ဆွဲမကြည့်လိုက်တော့ ကျွန်မကို စွဲကပ်နေတဲ့ မျှော်လင့်ချက်အမြစ်တွေ
ဘုရားရေ …….. ခေါင်းခါတော့မယ့် ဆရာဝန်ကြီးရဲ့ ခေါင်းဟာ ပြတ်လုပြတ်ခင် တဲတဲလေး
မျက်မှန်နက်ကြီးပေါ်ပဲ စင်္ကြန်လျောက်တော့တဲ့ အာဏာရှင်ဟောင်းကြီး (သူ့ကို ရုံးထုတ်လာပြီ)
မျက်လွှာချထားတဲ့ ဝိနည်းမှာ တဖက်မှိတ်ကြည့်လိုက်ရတဲ့ ပစ်မှတ်ဟာ မျက်နှာလွှဲသွားတယ်
ကျွမ်းထိုးလိုက်တဲ့ အောင်စာရင်းဟာ တလက်လက်လည်ထွက်သွားတဲ့ အသိပညာဆာလောင်မှု
ကဗျာတစ်ပုဒ်တောင် မဆုံးသေး၊ ကျင့်သားရလာလို့ အလင်းကို တွေ့လာရတဲ့ အမှောင်
ဝင်းဝါမှည့်ရွှမ်း ပင်စည်ရဲ့ ရင်ခွင်ပိုက်သစ်သီးတွေနဲ့ ပိုးမွှားကျရောက်မှုတွေ
ညှိုးခြောက်ရှုံ့တွ မိဘမဲ့သစ်သီးတွေ နဲ့ တွေ့ကရာလက်မောင်း တွဲလွဲခိုရမှုတွေ
သံတိုင်ကြားထဲ မဆန့်ဆန်အောင် ထိုးထည့်လိုက်တဲ့ မြင်ကွင်းကျယ်ရှုမျှော်ခင်းများ ဖြစ်ပါတယ်
အနီးအဝေး လှည့်ဖြားခြင်းပါဝါအတိုးအလျော့မှာ ကင်မရာလင်ငယ်ဟာ ချီတုံချတုံနဲ့
စနစ်ဆိုးအမျိုးမျိုးရဲ့ သရုပ်ဆောင်ညံ့ဖျင်းမှုတွေဟာ မီးတောင်ဝက တဗွက်ဗွက် စီးကျတယ်
သက်ပြင်းနဲ့ လှမ်းခုန်ဆွဲနေရတဲ့ နိုင်ငံတကာဆိုင်ဝက မမီမကမ်းကရုဏာမုန့်ထုပ်လေးတွေပါ
ရုပ်ထွက်အရည်အသွေး ဝါးတားတား အလောင်းကောင်တွေကြား
မိသားစုဖြူမည်းဓါတ်ပုံလေးကို အံသြဖွယ်ကျင်ယူနိုင်ခဲ့တယ် (ဖြူနက်ပေါင်းစပ်မှု အမြင်အရ)
နာဂစ်အမှိုက်ဝင်လာလို့ ချက်ချင်းဆေးချရလိုက်တဲ့ ရေတွေရဲ့ အနံ့အရသာအိုင်သွားပုံ
တိမ်တွေများလွန်းတဲ့ အဖွားရဲ့ အကြည့်ကို  သမီးတို့က ငွေနားကွပ်လို့မရ
မိုက်ခရိုစကုပ်အောက် သိပ္ပံနည်းကျ သွေးကြောမှိုတွေဟာလည်း ဟစိဟစိ ပါးစပ်တပြင်ပြင်
ကိုယ်ခံအားမကောင်းလို့ တချိန်လုံး ပုတ်ခတ်ပုတ်ခတ် ဖြစ်နေရရှာတဲ့ ငါ့အနုပညာ
မျက်နှာဖုံးစွပ်ပင်လယ်ထဲက ငေါထွက်နေတဲ့ အငူ ငူငူကြီးနှစ်ခု
ကားရှေ့မီးလုံးဟာ သူ့ဘီး သူ ပြန်ထိုးမပြနိုင်ဘူး။

ရှိန်ဝါ
14 July 2014